- အများနဲ့ ရောနှောပြီးနေရင် ကိုယ့်စိတ်နဲ့ 
- ကိုယ့်ကိုဖြစ်ဖို့  သိပ်မလွယ်ဘူး။
- အများအားဖြင့် သူများစိတ်နဲ့ 
- ကိုယ့်ကိုယ်ကိုယ် ဖြစ်နေရတာများတယ်။
- အားနာမှုတွေ၊ ငဲ့ညှာထောက်ထားရမှုတွေနဲ့ 
- ဘ၀ဟာ လွပ်လပ်မှုမရှိတော့ဘူး။
- အများဆန္ဒကိုဖြည့်ဖြည့်ပေးနေရတဲ့
- ကိုယ့်ရဲ့ တစ်ကယ်ပိုင်ဆန္ဒတွေဟာ
- တစ်ဖြည်းဖြည်းနဲ့ နောက်ကို
- ရောက်ရောက်သွားရတယ်။
- လမင်းကြီးရဲ့ ဘ၀ကိုသိပ်အားကျတယ်။
- လမင်းကြီးဟာ လောကလူသားတွေကို
- အအေးဓါတ်နဲ့  အလင်းဓါတ်ပေးပြီး
- လူတွေကိုကျေးဇူးပြုတယ်။
- ဒါပေမယ့်လောကလူသားတွေနဲ့ 
- လိမ်းကျံကပ်ငြိခြင်းမရှိဘူး။
- ဝေးဝေးမှာပဲ သီးသန့် နေတယ်။
- မေတ္တာအအေးဓါတ်နဲ့  အသိဥာဏ်
- အလင်းဓါတ်ပေးပြီးဝေးဝေးကနေ
- ကျေးဇူးပြုနေရတဲ့ လူသားလမင်း
- ဘ၀မျိုးကို ပိုပြီးလိုလားပါတယ်။
သူငယ်ချင်းများအားလုံးကိုဖတ်စေချင်နဲ့  ရည်ရွယ်ချက်နဲ့ ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။
ဖတ်ဖူးတဲ့သူငယ်ချင်းများရှိရင်နားလည်ပေးစေလိုပါတယ်။
No comments:
Post a Comment