လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Mar 17, 2009

မီးတောက်ပုံလေး

ဒါကတော့ ကျွန်တော်လုပ်ကြည့်ဖူး Tutorail ကလေးပါ။ဝါသနာပါသူတွေအတွက်တော့ လွယ်ကူပါတယ်။

သူငယ်ချင်းမှာ Adobe Photoshop CS3 ရှိရင် ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။ဘာလို့ လည်းဆိုတော့ ဒါက CS3 ကိုအခြေ
ခံပြီးရေးထားတာမို့ လို့ ပါ။







၁) PS ကိုဖွင့်ပြီး New file တစ်ခုကိုခေါ်ပါတယ်။နောက်ပြီး Text ကိုမီးရှို့ ချင်တယ်ဆိုရင် လိုအပ်တဲ့ Text ကိုရိုက်ပါ။





ကျွန်တော်ကတော့ မင်းခမောင်ဆိုပြီး နောက်ခံအပြာလေးနဲ့  ရိုက်လိုက်ပါတယ်။

၂) Layer style ကို Gradient Overlay ထည့်ပါမယ်။လိုအပ်တဲ့ Gradient Fill မှာ မိမိထည့်ချင်တဲ့ မီးတောင်အရောင်ကို
မိမိကြိုက်သလို သုံးနိုင်ပါတယ်။မီးအရောင်ခပ်ရင့်ရင်လေးလိုချင်တယ်ဆိုရင်တော့ Red, Orange, Red

စသဖြင့်မိမိကြိုက်သလိုသုံးနိုင်ပါတယ်။ကျွန်တော်သုံးထားတာက Orange,Yellow,Orange ပါ။





ပြီးရင် Inner Glow လုပ်ပါမည်။





အနီဝိုင်းထားသည့်အတိုင်း ကာလာကိုအနက်ရောင်ပြောင်းပြီး Blending Mode ကို Normal သို့ ပြောင်းပါ။
Elements Size မှာ ပုံကိုလိုက်ပြီး အပြောင်းအလဲရှိပါသည်။အောက်ပါအတိုင်းတွေ့ ရမည်ဖြစ်သည်။



၎) Duplicate Layer သို့မဟုတ်(Ctrl +J) ကို ခေါ်ပါ။Layer Paette တွင်ထို Layer အသစ်ကို Right Click နှိပ်ပြီး Rasterize
Type ကို ရွေးပါ။ပြီးလျှင် အောက်Layer မှမျက်လုံးပုံကို နှိပ်ပြီး ခေတ္တဖျောက်ထားပါမည်။အပေါ်မှဖွင့်ထားသော Layer ကို (Image >Rotate Canvas >90 CW) ဖြစ်အောင်လှည့်လိုက်ပါ။



၅)ထို့ နောက်(Filter >Stylize>Wind ) ကိုဝင်ပါ။ (Wind , From Lfet) ကို ရွေးပါ။ပုံအတိုင်းတွေ့  ရမည်။
မီးတောက်ရှည်ရှည် လုပ်ချက်ရင်တော့ (Ctrl +F) ကိုနှိပ်ပြီး Wind Filter ကို အထပ်ထပ်ထည့်နိုင် ပါသည်။
ကျွန်တော်ကတော့ Wind Filter နှစ်ခါ ထည့်ပါသည်။



၆)ပြီးနောက် Layer>Rotate Canvas >90 CCW ကိုရွေးပါ။ပြီးလျှင် (Filter>Distort > Ripple)ကိုရွေးပါ။အောက်ပါအတိုင်း
တွေ့ ရမည်။



၇) ထို Tools ဖြင့် Text ကို မီးတောက်ကဲ့သို့  ဖြစ်အောင် အထက်ဘက်သို့  ပွတ်ဆွဲပေးပါ။ နေရာ၌ Filter>Liquify ကိုအသုံးပြုလည်း ရပါသည်။




အောက်ပါအတိုင်းတွေ့ ရပါသည်။



၈) ထို့ နောက်အောက်မှပိတ်ထားသောမျက်လုံးပုံကလေးများကိုပြန်ဖွင့်ပါ။။ Blending Options ကို ၀င်ပါ။ပထမ Set လုပ်ထားသော Inner Glow နှင့်Gradient များကိုဖြုတ်ပါ။ ဒီအဆင့်မှာတော့ သင်ကြိုက်နှစ်သက်ရာ Effect ကိုထည့်နိုင်ပါသည်။ နမူနာပုံအတိုင်းဆိုရင်တော့ Bevel & Emboss ကိုရွေးပါ။Inner Bevel ဖြစ်ပြီး Glass Contour ကို Cove-Deep သို့ပြောင်းပါ။ Text ကိုဖန်သားကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။Shadow Mode Color ကို အ၀ါရောင် ကိုရွေးပါ။မီးအရောင်ဟပ်သကဲ့သို့  ဖြစ်စေရန်ဖြစ်သည်။



၉) ပြီးလျှင် ထိုLayer ကို အပေါ်ဆုံး Layer ဖြစ်အောင်Drag ဆွဲပြီးအပေါ်သို့ ရွှေ့ ပါ၊ပြီးလျှင်Fill Percentage ကို(0%) သို့  ရွှေ့ ပါ။ ပုံအတိုင်းတွေ့ ရမည်ဖြစ်သည်။



၁၀) ပြီးရင် Save As နဲ့ မိမိကြိုက်တဲ့ ဖိုင်ပုံစံ Save လိုက်ပါ။



ဒီပုံစံလေးအတိုင်းရမှာဖြစ်ပါတယ်


ကိုယ်ကြိုက်တဲ့ စာတွေ ပုံတွေကိုလည်း အထက်ပါအတိုင်းအခြေခံပြီးမီးတောက်ပုံလေးတွေကို ဖန်တီးလို့ ရပါတယ်။ဒီအောက်က ပုံကတော့ မြန်မာဖိုတိုရှော့ ကျူတိုရီယယ်က လုပ်ထားတဲ့ပုံလေးပါ။အပေါ်ကပုံထက်အများ
ကြီးပိုလှပါတယ်။



အဆင်ပြေနိုင်ကြပါစေဗျာ။

*************************************************************************************************

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်