လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Mar 30, 2009

HTML ကုဒ်ကလေးတွေ

Marquee ကုဒ်ကလေးများ

Slide-in text:


ဒီပုံစံကလေးကတော့ ပုံမှန်အနေနဲ့ တစ်ခေါက်ပဲပြေးပါလိမ့်မယ်၊စာမျက်နှာကလေးကို Reload ပြန်လုပ်ပေးမယ်ဆိုရင်တော့
ဒီပုံစံလေးကိုပြန်မြင်ရမှာပါ။



အပေါ်က ကုဒ်ကတော့ အောက်ပါအတိုင်းတွေ့ ရမှာပါ။



ဥပမာအနေနဲ့ 


Continuous scrolling text:




အပေါ်က ကုဒ်ကတော့ အောက်ပါအတိုင်းတွေ့ ရမှာပါ။




ဥပမာအနေနဲ့ 



အပေါ်က ကုဒ်ကလေးရဲ့ Left ဆိုတဲ့ နေရာကလေးမှာ Right ဆိုတာပြောင်းရိုက်လိုက်ရင် ညာဖက်က သွားတဲ့
ပုံစံလေးကို တွေ့ နိုင်ပါတယ်။

Text bouncing back and forth:




အပေါ်က ကုဒ်ကတော့ အောက်ပါအတိုင်းတွေ့ ရမှာပါ။



ဥပမာအနေနဲ့ 



Text Scrolling Upwards:




အပေါ်က ကုဒ်ကတော့ အောက်ပါအတိုင်းတွေ့ ရမှာပါ။



ဥပမာအနေနဲ့ 

အပေါ်က ကုဒ်ကလေးရဲ့ UP ဆိုတဲ့ နေရာကလေးမှာ Down ဆိုတာပြောင်းရိုက်လိုက်ရင် အပေါ် ကနေ
ဆင်းလာတဲ့ ပုံစံကိုရနိုင်ပါတယ်။

Change the Scrolling Speed:




အပေါ်က ကုဒ်ကတော့ အောက်ပါအတိုင်းတွေ့ ရမှာပါ။



ဥပမာအနေနဲ့  (အနှေးပုံစံ)
ဥပမာအနေနဲ့  (သာမန်ပုံစံ)
ဥပမာအနေနဲ့  (အမြန်ပုံစံ)


1 , 10 , 20 ဆိုတဲ့ နေရာတွေမှာ အလျှင်ကို ကိုယ်ကြိုက်သလောက်ထားလို့ ရပါတယ်။

အဆင်ပြေနိုင်ကြပါစေခင်ဗျာ။

Mar 18, 2009

ရေခဲဖုံးစာလုံးပုံစံ။

အရင်တစ်ခါကတော့ ပူလောင်ခြင်းကိုလုပ်ပြီးပြီ။ဒီတစ်ခေါက်အေးစက်ခြင်းလုပ်ကြည့်ရအောင်ဗျာ
။ရေခဲတွေက ကျောက်ပန်းဆွဲလိုပုံလေးတွေဖြစ်နေတာ သူငယ်ချင်းတို့ မြင်ဖူးမှာပေါ့။
အဲဒီလိုမျိုးလေး လုပ်ကြည့်ရအောင်။

ပထမဆုံး ဖိုတိုရှော့ကို ဖွင့်ပါမည်။
၁) လိုအပ်တဲ့ Background နဲ့  Text ကို ကိုယ်ကြိုက်တဲ့ ဖောင့်ပုံစံနဲ့ ရီုက်ရအောင်။
ရေခဲနေတဲ့ ပုံစံလေးလုပ်မှာဖြစ်တဲ့အတွက် Text Color ကို အဖြူရောင်လေးထားလိုက်မယ်။



၂) မီးလောင်နေတဲ့ ပုံလေးလုပ်ခဲ့တုန်းကလိုပဲ
Image > Rotae Canvas > 90° CW ပြောင်းပါမယ်။
ပြီးရင် Text ကို (Filter > Stylize > Wind) ကိုဝင်ပြီး Filter ထည့်ပါမယ်။
Rasterize လုပ်မလားဆိုတဲ့ Box ကျလာရင် OK လို့ပေးလိုက်ပါ။
ဒါဆိုရင် Text Layer မဟုတ်တော့တဲ့အတွက် နောက်ထပ်စာပြင်ရိုက်လို့မရတော့ပါဘူး။
Method=Wind နဲ့ Direction=From the right မှာထားပါတယ်။
ဒါဆိုအောက်က ပုံအတိုင်းတွေ့ရမှာပါ။



၃) ပြီးရင် (Image > Rotate Canvas > 90°CCW) ကို ပြန်ပေးပါ။ Layer ရဲ့ Fill ကို 10%
အနီးတစ်ဝိုက်မှာထားပါမယ်။

၎) Blending Option ထဲက Bevel & Emboss ကိုဝင်ပါ။
Setting တွေကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။
Glass Contour= Ring Double မှာထားပါမယ်။
ဒီ Contour Style က Text ကို ရေခဲနဲ့တူအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
Highlight Mode Color=#d5f5ff နဲ့ Shadow Mode Color=#1b374a မှာထားပါမယ်။
အပြာနုနဲ့ အပြာရင့်ပဲဖြစ်ပါတယ်။



၅) ပြီးရင် Outer Glow ကိုဝင်ပြီး အပြာနုရောင် နဲ့ Opacity=25% မှာထားပါမယ်။
ရေခဲဟာ မှန်နဲ့ခပ်ဆင်ဆင်ဖြစ်လို့ Reflection ပြန်ပါတယ်။ ဒီ Outer Glow ကရေခဲအနားစွန်းက
Reflection မျိုးကို ဖန်တီးတာဖြစ်ပါတယ်။



ပြီးရင် Inner Glow ကိုလည်း အဲဒီအပြာရောင်ပဲထည့်ပြီး Opacity ကိုတော့ 75% မှာထားပါမယ်။
ရေခဲတုံးတွေကို မြင်ဖူးမှာပါ။ သေချာကြည့်ရင် အနားသတ်တွေက အလယ်ကရေခဲသားလို မကြည်လင်ပါဘူး။
Inner Glow က အဲဒီ အနားသတ်တွေက အရောင်အဆင်းမျိုးကို ဖန်တီးပေးမှာပါ။



အားလုံးလုပ်ပြီးပြီဆိုရင်တော့ အောက်ပါပုံအတိုင်းတွေ့ ရပါလိမ့်မယ်။



ဒီနေရာမှာရပ်ထားလို့ရပါတယ်။ ဒါပေမယ့် ပိုမိုဖန်တီးချင်တယ်ဆိုရင် အဲဒီ Layer ကို Duplicate ထပ်ပွားနိုင်ပါတယ်။
ဒါဆို ပိုထင်းတဲ့ Text ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Sparkle လို့ခေါ်တဲ့ အလင်းပွင့်များကို Brush နဲ့ထည့်လိုက်ရင်တော့
လင်းလက်တောက်ပနေတဲ့ အေးတိအေးစက် ရေခဲ Text ကို ရရှိမှာဖြစ်ပါတယ်။

Mar 17, 2009

မီးတောက်ပုံလေး

ဒါကတော့ ကျွန်တော်လုပ်ကြည့်ဖူး Tutorail ကလေးပါ။ဝါသနာပါသူတွေအတွက်တော့ လွယ်ကူပါတယ်။

သူငယ်ချင်းမှာ Adobe Photoshop CS3 ရှိရင် ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။ဘာလို့ လည်းဆိုတော့ ဒါက CS3 ကိုအခြေ
ခံပြီးရေးထားတာမို့ လို့ ပါ။







၁) PS ကိုဖွင့်ပြီး New file တစ်ခုကိုခေါ်ပါတယ်။နောက်ပြီး Text ကိုမီးရှို့ ချင်တယ်ဆိုရင် လိုအပ်တဲ့ Text ကိုရိုက်ပါ။





ကျွန်တော်ကတော့ မင်းခမောင်ဆိုပြီး နောက်ခံအပြာလေးနဲ့  ရိုက်လိုက်ပါတယ်။

၂) Layer style ကို Gradient Overlay ထည့်ပါမယ်။လိုအပ်တဲ့ Gradient Fill မှာ မိမိထည့်ချင်တဲ့ မီးတောင်အရောင်ကို
မိမိကြိုက်သလို သုံးနိုင်ပါတယ်။မီးအရောင်ခပ်ရင့်ရင်လေးလိုချင်တယ်ဆိုရင်တော့ Red, Orange, Red

စသဖြင့်မိမိကြိုက်သလိုသုံးနိုင်ပါတယ်။ကျွန်တော်သုံးထားတာက Orange,Yellow,Orange ပါ။





ပြီးရင် Inner Glow လုပ်ပါမည်။





အနီဝိုင်းထားသည့်အတိုင်း ကာလာကိုအနက်ရောင်ပြောင်းပြီး Blending Mode ကို Normal သို့ ပြောင်းပါ။
Elements Size မှာ ပုံကိုလိုက်ပြီး အပြောင်းအလဲရှိပါသည်။အောက်ပါအတိုင်းတွေ့ ရမည်ဖြစ်သည်။



၎) Duplicate Layer သို့မဟုတ်(Ctrl +J) ကို ခေါ်ပါ။Layer Paette တွင်ထို Layer အသစ်ကို Right Click နှိပ်ပြီး Rasterize
Type ကို ရွေးပါ။ပြီးလျှင် အောက်Layer မှမျက်လုံးပုံကို နှိပ်ပြီး ခေတ္တဖျောက်ထားပါမည်။အပေါ်မှဖွင့်ထားသော Layer ကို (Image >Rotate Canvas >90 CW) ဖြစ်အောင်လှည့်လိုက်ပါ။



၅)ထို့ နောက်(Filter >Stylize>Wind ) ကိုဝင်ပါ။ (Wind , From Lfet) ကို ရွေးပါ။ပုံအတိုင်းတွေ့  ရမည်။
မီးတောက်ရှည်ရှည် လုပ်ချက်ရင်တော့ (Ctrl +F) ကိုနှိပ်ပြီး Wind Filter ကို အထပ်ထပ်ထည့်နိုင် ပါသည်။
ကျွန်တော်ကတော့ Wind Filter နှစ်ခါ ထည့်ပါသည်။



၆)ပြီးနောက် Layer>Rotate Canvas >90 CCW ကိုရွေးပါ။ပြီးလျှင် (Filter>Distort > Ripple)ကိုရွေးပါ။အောက်ပါအတိုင်း
တွေ့ ရမည်။



၇) ထို Tools ဖြင့် Text ကို မီးတောက်ကဲ့သို့  ဖြစ်အောင် အထက်ဘက်သို့  ပွတ်ဆွဲပေးပါ။ နေရာ၌ Filter>Liquify ကိုအသုံးပြုလည်း ရပါသည်။




အောက်ပါအတိုင်းတွေ့ ရပါသည်။



၈) ထို့ နောက်အောက်မှပိတ်ထားသောမျက်လုံးပုံကလေးများကိုပြန်ဖွင့်ပါ။။ Blending Options ကို ၀င်ပါ။ပထမ Set လုပ်ထားသော Inner Glow နှင့်Gradient များကိုဖြုတ်ပါ။ ဒီအဆင့်မှာတော့ သင်ကြိုက်နှစ်သက်ရာ Effect ကိုထည့်နိုင်ပါသည်။ နမူနာပုံအတိုင်းဆိုရင်တော့ Bevel & Emboss ကိုရွေးပါ။Inner Bevel ဖြစ်ပြီး Glass Contour ကို Cove-Deep သို့ပြောင်းပါ။ Text ကိုဖန်သားကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။Shadow Mode Color ကို အ၀ါရောင် ကိုရွေးပါ။မီးအရောင်ဟပ်သကဲ့သို့  ဖြစ်စေရန်ဖြစ်သည်။



၉) ပြီးလျှင် ထိုLayer ကို အပေါ်ဆုံး Layer ဖြစ်အောင်Drag ဆွဲပြီးအပေါ်သို့ ရွှေ့ ပါ၊ပြီးလျှင်Fill Percentage ကို(0%) သို့  ရွှေ့ ပါ။ ပုံအတိုင်းတွေ့ ရမည်ဖြစ်သည်။



၁၀) ပြီးရင် Save As နဲ့ မိမိကြိုက်တဲ့ ဖိုင်ပုံစံ Save လိုက်ပါ။



ဒီပုံစံလေးအတိုင်းရမှာဖြစ်ပါတယ်


ကိုယ်ကြိုက်တဲ့ စာတွေ ပုံတွေကိုလည်း အထက်ပါအတိုင်းအခြေခံပြီးမီးတောက်ပုံလေးတွေကို ဖန်တီးလို့ ရပါတယ်။ဒီအောက်က ပုံကတော့ မြန်မာဖိုတိုရှော့ ကျူတိုရီယယ်က လုပ်ထားတဲ့ပုံလေးပါ။အပေါ်ကပုံထက်အများ
ကြီးပိုလှပါတယ်။



အဆင်ပြေနိုင်ကြပါစေဗျာ။

*************************************************************************************************
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်