၂၀၀၂ ကိုပြန်လည်တမ်းတခြင်း
- မြစ်ကြီးနားမြို့ ရဲ့ Main လမ်းမကြီးပေါ်မှာ
- မင်းနောက်ကိုတကောက်ကောက်လိုက်ရင်း
- မင်းမကြိုက်ဘူးဆိုတဲ့
- ငါ့ကာရံတွေလိုက်ပြောဖူးပါရဲ့ ။ ။
- မြစ်ကြီးနားမြို့ ရဲ့ မိုးတွင်းကာလ
- Super Cub90 အစုတ်ကလေးတစ်စီးနဲ့ 
- မင်းကျူရှင်အပြန်ကိုလည်း
- အချိန်မှန်စောင့်ဖူးလေရဲ့ ။ ။
- နောက်ပိုင်း
- မင်း ကျောင်းကြီးကိုရောက်တော့
- ငါ့မှာ ယောင်လည်လည်နဲ့ (ကျောင်းသားမဟုတ်ပဲ)
- မင်းတို့ ကျောင်းကိုလည်း
- အချိန်မှန်တက်ဖူးလေရဲ့ ။ ။
- ငါ့အတွက် ဘယ်လိုရောက်လာမှန်းမသိတော့တဲ့
- စာလေး(၂)စောင်လောက်နဲ့  ပြန်နှစ်သိမ့်ခဲ့တာကို
- ငါ့မှာ အစားအသောက်ပျက်ရလောက်အောင်
- စိတ်ကူးယဉ်ဖူးလေရဲ့ (မြစ်ကြီးနား ကိုပြန်ရောက်ခဲ့ရင်) ဆိုပြီးတော့။ ။
- ဒါပေမယ့် ကောင်မလေးရယ်
- မဖြစ်နိုင်ဘူး ဆိုတာမရှိဘူးဆိုပေမယ့်
- ခု အဲဒီအတွက်သက်သေက
- မင်းနဲ့ ငါ ဖြစ်နေတယ်။ ။
- ခုတော့ ဒါတွေက လွမ်းစရာတွေအဖြစ်နဲ
- လူကြားကောင်းအောင်
- အမှတ်တရလေးပါလို့ 
- ငါကြွေးကျော်နေရတယ်လေ။ ။
- မင်း ဘာဖြစ်နေနေ
- ဘယ်ကိုရောက်ရောက်
- မင်းသိအောင်တစ်ခုလောက်ပြောပြချင်ပါတယ်
- တစ်ချိန်က မင်းကိုပြောဖူးတဲ့
- “----” ကို “ကျွန်တော်” အရမ်းချစ်တယ် ဆိုတဲ့စကားဟာ
- ငါ့ရင်ထဲက နင့်နင့်သီးသီး ခုန်ထွက်ခဲ့တဲ့ စကားတစ်ခွန်းပါကွာ။ ။
No comments:
Post a Comment