လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 20, 2009

အသုံးဝင်ရှော့ကဒ်ကီးများ

Gtalk Theme

ကျွန်တော်တို့  Gtalk ဖွင့်ထားယုံနဲ့ Utube နဲ့  Google Video က ဗီဒီယိုဖိုင်တွေကို ကြည့်လို့ ရတဲ့အပြင် နောက် ထပ်တစ်ခြား အသစ် အသစ်တွေလည်း အများကြီးထပ်လုပ်လို့ ရပါတယ် ... (မှတ်ချက်။ ။တော်တော်မိုက်ပါအိ) အရင်ဆုံး ဒီနေရာ ဒါမှမဟုတ် ဒီနေရာ ကနေ ယူလိုက်ပါ ...ပြီးရင်တော့ Rar ကိုဖြည်လိုက်ပြီး အထဲမှာပါတဲ့ install ဆိုတာလေးကို D-click ပြီး အင်စတောလိုက် ... အဲဒါဆိုရင်ပြီးပြီ .. အော် မပြီးသေးဘူးဗျ ... အဲဒီမှာ ကိုယ်ကြူနေတဲ့ ဂျီတော့ ကိုဖွင့် >> နောက်ပြီး ဆက်တင်ကိုသွား >> အဲဒီကနေမှ Appearance ကိုဆက်သွား >> sravi ဆိုတဲ့ Theme ကိုရွေးပေးလိုက် .... ဒါဆိုရင်တော့ပြီးပါပြီ ... အကယ်လို့Utube နဲ့  Google Video က ဗွီဒီယိုတွေကို သူငယ်ချင်းတွေကို ချတ်ဘောက်စ်ထဲကနေ ပြချင်တယ်ဆိုရင်တော့ အဲဒီတစ်ယောက်ကလည်း Gtheme(2.0) ကိုတင်ထားရပါလိမ့်မယ် ... ပြီးရင်တော့ Chat Boxအောက်က အတိုင်း ရိုက်ထည့်ကြည့်လိုက်ပါ

Google Video ဆိုရင် အောက်ပါအတိုင်း

sravi:gvideo:< http://video.google.com/videosearch?q=google+video&hl=en&emb=0&aq=f# >

Youtube Video ဆိုရင် အောက်ပါအတိုင်း

sravi:utube:< http://www.youtube.com/watch?v=saalGKY7ifU>

ဗွီဒီယိုလင်ခ့်တွေမှာ ကိုယ်ကြိုက်တဲ့လင်ခ့်ပြောင်းထည့်ကြည့်ပါ ..
Youtube အထိကိုသွားဖွင့်နေစရာမလိုပဲ Gtalk Chat box ထဲကနေပဲ တိုက်ရိုက်ကြည့်လို့ ရပါတယ် နောက်ပြီး Smiles အရုပ်ကလေးတွေကလည်း အရင် Gtalk Theme က အရုပ်ကလေးတွေအပြင် နောက်ထပ် အရုပ်က လေးတွေအများကြီးထပ်ပါလာပါတယ် ... ဥပမာ အောက်က ဟာမျိုးလေးတွေပေါ့ ...ဒီအောက်က ဟာလေးကို
ချတ်ဘောက်စ်ထဲမှာရိုက်ထည့်ကြည့်လိုက်ပါ ...

sravi:msg1:I*Love*You (* chit tal kwar)

အောက်မှာ Screen Shoot ကလေးတွေကိုကြည့်လိုက်ပါဦးဗျာ ...


နောက်ခံပုံတွေကိုလည်း ကိုယ်နှစ်သက်တဲ့ပုံပြောင်းယူလို့ ရပါတယ် ...
Start>>All programs>> gtheme>>change background
ကနေပြောင်းယူနိုင်ပါတယ် ...
မသိသေးတဲ့လူတွေအတွက်ပါခင်ဗျ ... သိပြီးသားလူတွေဆိုရင်လည်း ဆောဒီးပေါ့ဗျာ :P
ကျွန်တော့်ရဲ့ စာအရေးအသားညံ့ဖျင်းလို့ မဖတ်တတ်ဘူး ဆိုရင်လည်း ဒေါင်းလုတ်ချပြီးသွား
ရင် အဲဒီအထဲမှာ Read me ဆိုတဲ့ Txt ဖိုင်လေးပါတဲ့အတွက် အရင်ဖတ်ကြည့်လိုက်ပါခင်ဗျ ...
အဆင်ပြေပါစေ .. :P

Jul 19, 2009

အာဇာနည်နေ့  ဒို့ မမေ့


ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။



Jul 18, 2009

Universal Declaration of Human Rights



၁၉၄၈ တုန်းက ထုတ်ပြန်ခဲ့တဲ့ လူ့ အခွင့်အရေးကြေညာစာတမ်း ပါ ... သိထားသင့်တယ်ထင်လို့ တင်လိုက်ပါတယ် ... သိမ်းထားချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေယူနိုင်ပါတယ်...

7 Glass Style Theme for Windows(XP & Vista)

Windows XP နဲ့  Vista သုံးတဲ့သူငယ်ချင်းတွေအတွက်ပါ ... အောက်မှာ Screen shoot လေးကြည့်လို့ ရပါတယ် .. လိုချင်တယ်ဆိုရင်တော့ ဒီနေရာ (Mediafire) နဲ့  ဒီနေရာ( Ifile.it) ကနေ သွားယူလိုက်ပါ ...





Jul 14, 2009

Notepad နဲ့ ကွန်ပျူတာကိုစကားပြောခိုင်းကြည့်ရအောင်

Note pad ကိုဖွင့်
အောက်ကဟာလေးကို ကော်ပီကူးထည့်လိုက်

Dim msg, sapi
msg=InputBox("Enter your text","Talk it")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg

ပြီးရင်တော့ file type ကို *.vbs ထားပြီး save လိုက်ပါ။
ပြီးရင် အဲဒီ .vbs ဖိုင်လေးကို Double click နဲ့ ဖွင့်
နောက် သင်ရိုက်ထည့်ချင်တဲ့စာကိုရိုက်ထည့်
အိုကေ ကို ကလစ်ပေးလိုက်ရင် သင်ရိုက်ထည့်ထားတာကိုဖတ်ပြပါလိမ့်မယ်။

Jul 13, 2009

FUNNY MOZILLA TRICKS

Type

chrome://browser/content/browser.xul
IT Opens another Firefox inside a tab in the the existing Firefox window.

chrome://browser/content/preferences/preferences.xul
IT Opens the Options dialog box inside the Firefox tab.

chrome://browser/content/bookmarks/bookmarksPanel.xul
IT Opens the “Book Marks Manager” inside a tab in the Firefox window.

chrome://browser/content/history/history-panel.xul
IT Opens the History Panel in the Firefox tab.

chrome://mozapps/content/extensions/extensions.xul?type=extensions
IT Opens the Extensions window in the current tab.

chrome://browser/content/preferences/cookies.xul
IT Opens the “cookies window” inside a tab in the Firefox window.

chrome://browser/content/preferences/sanitize.xul
IT Opens the “Clear Private Data” window inside the current tab.

chrome://browser/content/aboutDialog.xul
IT Opens the “About Firefox” Dialog box inside the tab.

chrome://browser/content/credits.xhtml
IT A scrolling list of names. The one’s who we must thank for creating Firefox

chrome://global/content/alerts/alert.xul
IT SHOWS Dancing Firefox.

ဒီကနေ ကူးထားသည်။


Jul 11, 2009

ဘလော့ပိုစ့်မှာ Smile လေးတွေထည့်မယ်

ခုမှမြင်မိလို့  ခုမှတင်လိုက်တာ ... ပိုစ့်တင်တဲ့အခါ ချစ်စရာ Smile လေးတွေထည့်ချင်တယ်ဆိုရင် တော့အဆင်ပြေပါလိမ့်မယ် .. ဒီလို အရုပ်ကလေးတွေပေါ့ ... :D :d :# :$ :z :O :o
ထည့်ချင်တယ်ဆိုရင် Login >> layouts >> edit HTML ကိုသွားလိုက်ပါ ...
ပြီးရင်တော့ ]]></b:skin> ကိုရှာပေး ... အဲဒါတွေ့ ပြီဆိုရင်တော့ အောက်က
ကုဒ်ကလေးကို ကူးထည့်ပေးလိုက်ယုံပါပဲ ...ပြီးရင်တော့ Save templates
ပေါ့ ...

Codes


<script src='http://www.sigmirror.com/files/24523_14rom/smileku.js>


အောက်ကဟာလေးတွေကတော့ နမူနာပုံစံလေးတွေပါ ...

:) >-- :)
:( >-- :(
:D >-- :D
:$ >-- :$
;) >-- ;)
:# >-- :#
:@ >-- :@
:k >-- :k
:x >-- :x
:o >-- :o
:O >-- :O
:L >-- :L
:r >-- :r
:y >-- :y
:s >-- :s
:~ >-- :~
:v >-- :v
:f >-- :f
:d >-- :d
:c >-- :c
:z >-- :z

Smile ရုပ်ကလေးတွေရိုက်မယ်ဆိုရင် SPACE ကလေးခံပေးရပါလိမ့်မယ်
နောက်ပြီး စာလုံးစောင်းတွေ စာလုံးကြီးတွေ (Bold,Italic) နဲ့ ဆိုရင်မပေါ်
ပါဘူး ... ပိုပြီးလေ့လာချင်တယ်ဆိုရင် ဒီနေရာ ကနေသွားနိုင်ပါတယ် ...


Jul 9, 2009

ကြယ်တစ်စင်းရဲ့ ရှုံးနိမ့်ခြင်းသံစဉ်



အလင်းမရှိတဲ့ငါ့ဘဝထဲကို
မင်းသဘောနဲ့မင်း ဝင်လာတယ်
နောက်ပြီးတော့
မင်းစိတ်နဲ့ မင်း ပြန်ထွက်သွားခဲ့တယ်
ထွက်မသွားပါနဲ့ လို့ 
အော်လိုက်တဲ့အသံတွေက
ငါ့လည်ချောင်းဝမှာဆွံ့ အ
နှုတ်ခမ်းဖျားမှာပဲ
ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်

အစကထဲက ပြန်ထွက်သွားခဲ့မယ်ဆိုရင်
မင်း ဘာဖြစ်လို့ ငါ့ဘဝထဲကို
ခွင့်မတောင်းပဲဝင်လာရတာလည်း
ခုတော့ ကောင်မလေးရယ်

ဘယ်တုန်းကမှမရှုံးခဲ့ဖူးဘူးလို့ 
ငါ မကြွေးကျော်ခဲ့ဖူးပါဘူး
ဒါပေမယ့် ကောင်မလေးရယ်
ခုတစ်ခါက အကျအနာဆုံးပဲ
ခုတော့ ငါ့မှာ
အထီးကျန်ဆန်ခြင်းကို အဖော်ပြု
ရင်ခုန်သံတွေကို နင်းချေပြီး
ပျင်းခြောက်ခြောက်နဲ့ 
တစ်ယောက်ထဲရွက်လွင့်နေရပြီ ...

ဒါပေမယ့် ကောင်မလေးရယ်
ငါနားလည်ပေးနိုင်ပါတယ်
ငါဆုတောင်းပေးပါရစေ
"ငါ့မျက်ရည်တွေအငွေ့ ပျံပြီး
မင်း ဆီကိုတိမ်တိုက်အဖြစ်ရောက်ရှိပါစေလို့ "
မင်းရဲ့ ဘဝလေး
ထာဝစဉ်အေးမြနေစေချင်လို့ ပါ ... :d :d :d :d

Jul 8, 2009

Google chrome 3.0.182.3 (Protable)


Google Chrome သုံးချင်တဲ့သူငယ်ချင်းများအတွက် Protable လေးပါ ..ကိုယ်သုံးချင်တဲ့အခါကျမှ DoubleClick (Extract) လုပ်ပြီး ရလာတဲ့ဖိုင်ထဲက Chrome>>chrome.exe ဆိုတာလေးကို ယူသုံးယုံပါပဲ ... Desktop ပေါ်မှာ Shortcut ကလေးထုတ်ပြီးသုံးလို့ ရတာပေါ့ .. စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ဒီနေရာ(Mediafire) မရရင် ဒီနေရာ (Ifile.it) ကနေ ဒေါင်းယူနိုင်ပါတယ် ... အဆင်ပြေကြပါစေဗျာ ...

Nameless


မနေ့ က
ငါ့ရင်ဘတ်ထဲကို
နာကျင်ခြင်းရင်ဖွင့်သံဆိုပြီး
မင်းက နာကျင်ခြင်းတွေ
လာပစ်ထည့်သွားလိုက်တာ
ခုဆိုရင် ငါ့ရင်ဘတ်တစ်ခုလုံး
ဒါဏ်ရာတွေအပြည့်နဲ့ ပေါ့

ဟိုးအဝေးတစ်နေရာက
ခွေးအူသံသဲ့သဲ့တော့ကြားနေတယ်
အေးစက်လွန်းတဲ့သန်းခေါင်ယံ
ညတစ်ညရဲ့ အခန်းကျဉ်းထဲ
ခပ်တုံးတုံးကောင်တစ်ကောင်နဲ့ 
သောင်းကျန်းတတ်တဲ့ပိုးဟပ်တစ်ယောက်
ခံစားမှုခြင်း Chess ထိုးနေတယ်

ငါ့မှာ နှလုံးသားရှိတယ်
ငါ့မှာ ခံစားချက်ရှိတယ်
ငါ့မှာ အတ္တတွေရှိတယ်
ငါ့မှာ နာကျင်ခြင်းတွေရှိတယ်
ငါ့မှာ တိတ်ဆိတ်ခြင်းတွေရှိတယ်
ငါ့မှာ အထီးကျန်ခြင်းတွေရှိတယ်
ငါ့မှာ ......................................
ငါ့မှာ ကြွက်တစ်ကောင်ရှိတယ်

ဒုန်းခနဲ ပွင့်သွားတဲ့တံခါးတစ်ချပ်
မျက်နှာပေါ်ကျလာတဲ့ ဓါတ်မီးရောင်
ငိုနေတဲ့ အမေ့ရဲ့ မျက်နှာ
လွတ်ကျသွားတဲ့ .....................
အရာအားလုံးဟာ ကံတရားအလိုကျ
အစီအစဉ်တကျလေး ပြီးဆုံးသွားခဲ့ပြီ ....
နောက်ဆုံးတော့လည်း

တစ်ကယ်ပါ
ငြိမ်းချမ်းခြင်းတေးတစ်ပုဒ်ကို
ခပ်တိုးတိုးလေးဆိုညီးချင်ခဲ့ပါတယ်
ဒါပေမယ့် ငါက
အသံထွက်ကောင်းတဲ့
ဂစ်တာတစ်လက်မှမဟုတ်ခဲ့ပဲ

Jul 7, 2009

ထူးဆန်းထွေလာ



ကျက်သရေမရှိဘူးတော့မပြောပါနဲ့ ဗျာ ..
ဖော်ဝတ်မေလ်းကရတာကိုပြန်တင်လိုက်တာ ...
သူငယ်ချင်းတို့ လည်းဘယ်လိုမြင်လည်းမသိဘူးနော် ...
ကျွန်တော်ကတော့တစ်ကယ်လို့ မထင်ဘူးဗျ ..
ထိုင်းနိုင်ငံကဘာသာရေးဂိုဏ်းတစ်ခုလို့ ပြောတယ် ...
ဝတ်ထားတဲ့အ၀တ်အစားတွေကလည်းထိုင်းစာတွေနဲ့ ပဲဗျ ...
ဝတ်စားထားတာလည်းသားသားနားနားပါပဲ ...
ဘယ်လိုလည်းမသိပါဘူး ...
သူတို့ မို့ လို့ လုပ်ကြတယ်ဗျာ ...

























































စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ် ...
စိတ်မရှိပါနဲ့ နော် ...
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်