လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Apr 30, 2009

ကပေါက်တိကပေါက်ချာရေးမိသော




တစ်ခါ တစ်ခါကျရင် စဉ်းစားမိပါရဲ့ ။ ငါဘာကောင်လည်းလို့  ...
ငါဟာ ဘာကောင်မှ မဟုတ်ပါဘူး။
ငါဟာ ငါပါဘဲ။
ငါ့ခံယူချက်နဲ့  ငါအသက်ရှင်တယ်။
ဒါကို မင်းတို့ ရူးတယ်လို့ ပြောမလား။
လူချင်းတူပေမယ့် ရင်ခုန်သံချင်းမတူနိုင်သလို
ခံယူချက်ခြင်းလည်းမတူနိုင်ဘူး။
ဒါပေမယ့် ငါ့ရင်ခုန်သံတွေ ငါ့ ခံယူချက်တွေကို
မကောင်းဘူးလာမပြောနဲ့ ။
(..............တွေ ငါ့ကိုလာပြီးဝေဖန်ဖို့ မစဉ်းစားနဲ့ )
အပြင်းစားသီချင်းတစ်ပုဒ်ကို အော်လိုက်ချင်တယ်။
အေး
ငါ့သမိုင်းငါရေးနေတဲ့အချိန်
ငါ့ကို လာဝေဖန်ချင်ရင်
မင်းတို့ 
(...)သုံးမကျတဲ့ မင်းတို့ အတွေးအခေါ်တွေ
အရင်ပြင်လိုက်ပါ။ ။
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတော့ လူတွေရဲ့ စကားသံတွေကိုကြားလိုက်ရတယ်...
အမျိုးမျိုးဝေဖန်ကြတယ် ....
ကောင်းသောဝေဖန်ခြင်းကို လက်ခံချင်ပေမယ့်
နှားခေါင်းရှုံ့ ပြီးပြောတာမျိုးကို မလိုလားချင်ဘူး
အဲဒါကြောင့် ရင်ထဲမှာဖြစ်လာတာကို ချရေးမိတယ် ...

ငှက်တို့ ရဲ့ တေး


Friends18.com Orkut MySpace Hi5 Scrap Images



မလိုက်ရဲရင်လည်း
အသိုက်ထဲမှာလည်း ကျန်ခဲ့လေ။
တစ်နေ့ နီးမှာပေါ့။
ရှေ့ ခရီး မာန်တင်းပါကွယ်
ငှက်ဆိုတာကတော့
ပျံသန်းရင်းသေ
ကခုန်ခိုင်းသလိုပေါ့
မုန်တိုင်းကရှေ့ မှာမွှေ
တောမီးက ရှေ့ မှာဝိုင်း
ခြင်္သေ့က ကြွက်မစား
ကျားက ကြွက်မချောင်း
မိချောင်းတွေက ဖွတ်လိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောပါတဲ့
ဥဒေါင်းငှက်လိုလေ
အမောခံဇောမာန်တင်းပါကွဲ့ 
မှန်းသည့်ပန်းတိုင် အရောက်လှန်းနိုင်ဖို့ 
ပျံသန်းရင်းသေလည်း ခရီးဆက်မယ်ကွဲ့ 
အဲဒါ ငှက်တို့ ရဲ့ သမိုင်း။ ။

မင်းရှိရာ


MySpace comment: CoolSpaceTricks.com


အချိန်တွေပြောင်း
နေရာတွေဟောင်းလည်း
မပြောင်းလည်းနိုင်တာက
ငါ့ရင်ထဲက မင်းကို
ခါးခါးသီးသီးလွမ်းနေတယ်။
ငါသာ တောင်ပံလေးတစ်စုံ ဆိုရင်
မင်းရှိရာကို ပျံသန်းလာမိမှာ အမှန်ဘဲ။

အတိုအထွာ


မြန်မာ ဗီဒီယိုဇာတ်လမ်းတွေကို မကြိုက်ပေမယ့် ဒီဇာတ်ဝင်ခန်းလေးကတော့ သဘောကျမိတယ် ...
ဒါကြောင့် ဖြတ်ထားတာ ... (တူနေလို့  ... တူနေလို့ ) ... "မမ " ရှိတဲ့ သူများ ခံစားကြပါကုန် ....
ဗီဒီယိုဆင်ဆာအဖွဲ့ ကတော့ တရားမစွဲလောက်ပါဘူးနော် ... :D

Apr 28, 2009

သစ်သားပန်းပု























သဘောကျမိတဲ့ ပုံလေးတွေ



































Forword mail က ရလာတဲ့ ပုံကလေးတွေကို သဘောကျမိလို့ တင်ထားတာပါ။
နောက်ထပ်ပုံတွေထပ်ကြည့်ချင်ရင်တော့ ဒီနေရာလေး ကနေထပ်သွားကြည့်လိုက်ပါ။
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်