လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Feb 6, 2009

မင်းအတွက်


ရင်ခုန်သံတွေကြား

ညဟာအထီးကျန်နေတယ်

အတွေးထဲနယ်ချဲ့ လိုက်တာများ

သက်တမ်းတစ်ဝက်လောက်ရောက်နေပြီ .....

တိတ်ဆိတ်ခြင်းအပြည့်နဲ့ ည ဟာ ခပ်တည်တည်နဲ့ 

ချက် ချက် ချက် ...ဆိုတဲ့ နာရီသံထက်

ဒိတ် ဒိတ် ဒိတ် ... ဆိုတဲ့ ရင်ခုန်သံကြောင့်

ညရဲ့ အပြုံးတစ်ဝက် ကိုငါမြင်လိုက်တယ်

ရင်ထဲက မင်းတော့မသိဘူး

ငါ့မှာတော့ ညကို အဖော်ပြုရင်း

အသက်တောင်ပြင်းပြင်းမရှူရဲဘူး

ငါ့ရင်ထဲက မင်းနေရာလေး

နေရာကျပ်သွားမှာ စိုးလို့  ....

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်