လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 8, 2009

Nameless


မနေ့ က
ငါ့ရင်ဘတ်ထဲကို
နာကျင်ခြင်းရင်ဖွင့်သံဆိုပြီး
မင်းက နာကျင်ခြင်းတွေ
လာပစ်ထည့်သွားလိုက်တာ
ခုဆိုရင် ငါ့ရင်ဘတ်တစ်ခုလုံး
ဒါဏ်ရာတွေအပြည့်နဲ့ ပေါ့

ဟိုးအဝေးတစ်နေရာက
ခွေးအူသံသဲ့သဲ့တော့ကြားနေတယ်
အေးစက်လွန်းတဲ့သန်းခေါင်ယံ
ညတစ်ညရဲ့ အခန်းကျဉ်းထဲ
ခပ်တုံးတုံးကောင်တစ်ကောင်နဲ့ 
သောင်းကျန်းတတ်တဲ့ပိုးဟပ်တစ်ယောက်
ခံစားမှုခြင်း Chess ထိုးနေတယ်

ငါ့မှာ နှလုံးသားရှိတယ်
ငါ့မှာ ခံစားချက်ရှိတယ်
ငါ့မှာ အတ္တတွေရှိတယ်
ငါ့မှာ နာကျင်ခြင်းတွေရှိတယ်
ငါ့မှာ တိတ်ဆိတ်ခြင်းတွေရှိတယ်
ငါ့မှာ အထီးကျန်ခြင်းတွေရှိတယ်
ငါ့မှာ ......................................
ငါ့မှာ ကြွက်တစ်ကောင်ရှိတယ်

ဒုန်းခနဲ ပွင့်သွားတဲ့တံခါးတစ်ချပ်
မျက်နှာပေါ်ကျလာတဲ့ ဓါတ်မီးရောင်
ငိုနေတဲ့ အမေ့ရဲ့ မျက်နှာ
လွတ်ကျသွားတဲ့ .....................
အရာအားလုံးဟာ ကံတရားအလိုကျ
အစီအစဉ်တကျလေး ပြီးဆုံးသွားခဲ့ပြီ ....
နောက်ဆုံးတော့လည်း

တစ်ကယ်ပါ
ငြိမ်းချမ်းခြင်းတေးတစ်ပုဒ်ကို
ခပ်တိုးတိုးလေးဆိုညီးချင်ခဲ့ပါတယ်
ဒါပေမယ့် ငါက
အသံထွက်ကောင်းတဲ့
ဂစ်တာတစ်လက်မှမဟုတ်ခဲ့ပဲ

1 comment:

Anonymous said...

အလေးအပင် (၁)



အတူထိုင်နေကျ
လမ်းဘေးအုတ်ခုံကလေးတွေက အစ
မမီလိုက်တဲ့ ရထားဥသြသံ အဆုံး
အရာရာဟာ
ဒီရင်မှာ လတ်ဆတ်နေတုန်းပဲ။

အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးတဲ့
နှုတ်ခမ်းပါးလေးလည်း
ဒီအချိန်ဆို
တဆတ်ဆတ် တုန်ခါ ငေးရီနေလိမ့်မယ် ထင်ပါရဲ့။
အခုနေ ထုတ်ပြောရင်
နာကျင်မှုဟာ
ရိုးတွင်းခြင်ဆီထိအောင်
စိမ့်ဝင်နေတဲ့ အကြောင်း၊
ဘယ်အရာ ကမှ

ဘယ်အရာ အတွက်မှ
ထပ်တူ အစားမထိုးနိုင်တဲ့ အကြောင်း၊
ဖွင့်ပြော တားမြစ်ပိုင်ခွင့်မရှိတဲ့
စိုးရိမ်စိတ်ဟာ
နှလုံးရောဂါ ရစေနိုင်တဲ့ အကြောင်း တွေပဲ
ပီသတော့မယ်။
ပြောကြစတမ်းဆို
ငါ ဆိုတဲ့ကောင်က
ချစ်မြတ်နိုးမှု သဲပြင်ထဲ
ဘဝတစ်ခုလုံး တခုတ်တရ လောင်းချခဲ့တာပါ။
မင်းဘက်ကကြည့်တော့ လက်ခုံ
ငါ့ဘက်ကကြည့်တော့ လက်ဖဝါး
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာက
ငြင်းခုံဖို့အတွက်
လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်လောက်ဘူး။
တစ်ဘက်မှာကမ်းပြိုရင်
အခြားတစ်ဘက်မှာ သောင်ထွန်းတယ် ဆိုလည်း
အခုတော့
နှစ်ဘက်စလုံး ကမ်းပြိုခဲ့တာ။
ခက်တယ် အချစ်ရယ် ….
မေ့လိုက်ဖို့
လုံလောက်တဲ့ အချိန်နဲ့ အကြောင်းအရာ
ရှိခဲ့ပြီ ဆိုပေမဲ့
လမ်းသွားရင်း ခလုတ်တိုက်မိတာကအစ
မင့်း နာမည်လေး တ မိနေသေးတော့ …..။ ။
ပိုင်မင်းဦး

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်