လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 19, 2009

အာဇာနည်နေ့  ဒို့ မမေ့


ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။



No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်