လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 9, 2009

ကြယ်တစ်စင်းရဲ့ ရှုံးနိမ့်ခြင်းသံစဉ်



အလင်းမရှိတဲ့ငါ့ဘဝထဲကို
မင်းသဘောနဲ့မင်း ဝင်လာတယ်
နောက်ပြီးတော့
မင်းစိတ်နဲ့ မင်း ပြန်ထွက်သွားခဲ့တယ်
ထွက်မသွားပါနဲ့ လို့ 
အော်လိုက်တဲ့အသံတွေက
ငါ့လည်ချောင်းဝမှာဆွံ့ အ
နှုတ်ခမ်းဖျားမှာပဲ
ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်

အစကထဲက ပြန်ထွက်သွားခဲ့မယ်ဆိုရင်
မင်း ဘာဖြစ်လို့ ငါ့ဘဝထဲကို
ခွင့်မတောင်းပဲဝင်လာရတာလည်း
ခုတော့ ကောင်မလေးရယ်

ဘယ်တုန်းကမှမရှုံးခဲ့ဖူးဘူးလို့ 
ငါ မကြွေးကျော်ခဲ့ဖူးပါဘူး
ဒါပေမယ့် ကောင်မလေးရယ်
ခုတစ်ခါက အကျအနာဆုံးပဲ
ခုတော့ ငါ့မှာ
အထီးကျန်ဆန်ခြင်းကို အဖော်ပြု
ရင်ခုန်သံတွေကို နင်းချေပြီး
ပျင်းခြောက်ခြောက်နဲ့ 
တစ်ယောက်ထဲရွက်လွင့်နေရပြီ ...

ဒါပေမယ့် ကောင်မလေးရယ်
ငါနားလည်ပေးနိုင်ပါတယ်
ငါဆုတောင်းပေးပါရစေ
"ငါ့မျက်ရည်တွေအငွေ့ ပျံပြီး
မင်း ဆီကိုတိမ်တိုက်အဖြစ်ရောက်ရှိပါစေလို့ "
မင်းရဲ့ ဘဝလေး
ထာဝစဉ်အေးမြနေစေချင်လို့ ပါ ... :d :d :d :d

2 comments:

chitpalone said...

"ငါ့မျက်ရည်တွေအငွေ့ ပျံပြီး
မင်း ဆီကိုတိမ်တိုက်အဖြစ်ရောက်ရှိပါစေလို့ "
အဲ့ဆုတောင်းလေး ကြိုက်တယ်။
ကဗျာတပုဒ်နဲ့ အစအဆုံး သိလိုက်ရသလိုပဲ။ ကောင်း၏။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

အိပ်မက်ကဗျာ said...

ကောင်လေးရေ လာပြီးခံစားသွားတယ်ကွာ..
မိုက်တယ်ကွာ ကဗျာလေးက..
ခုတော့ငါဘီယာမူးနေပြီ..ဟိဟိ..
မင်းပျော်ရွှင်ပါစေနော်ကောင်လေးရေ..
ငါဆုတောင်းပေးပါတယ်ကွာ
မင်းဘဝသာယာလှပပြီး ပျော်ရွှင်သောဘဝကို
ပိုင်ဆိုင်နိုင်ပါစေနော်...မင်းရဲ့ သူငယ်ချင်း
အိပ်မက်ကဗျာ...

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်