လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Mar 18, 2009

ရေခဲဖုံးစာလုံးပုံစံ။

အရင်တစ်ခါကတော့ ပူလောင်ခြင်းကိုလုပ်ပြီးပြီ။ဒီတစ်ခေါက်အေးစက်ခြင်းလုပ်ကြည့်ရအောင်ဗျာ
။ရေခဲတွေက ကျောက်ပန်းဆွဲလိုပုံလေးတွေဖြစ်နေတာ သူငယ်ချင်းတို့ မြင်ဖူးမှာပေါ့။
အဲဒီလိုမျိုးလေး လုပ်ကြည့်ရအောင်။

ပထမဆုံး ဖိုတိုရှော့ကို ဖွင့်ပါမည်။
၁) လိုအပ်တဲ့ Background နဲ့  Text ကို ကိုယ်ကြိုက်တဲ့ ဖောင့်ပုံစံနဲ့ ရီုက်ရအောင်။
ရေခဲနေတဲ့ ပုံစံလေးလုပ်မှာဖြစ်တဲ့အတွက် Text Color ကို အဖြူရောင်လေးထားလိုက်မယ်။



၂) မီးလောင်နေတဲ့ ပုံလေးလုပ်ခဲ့တုန်းကလိုပဲ
Image > Rotae Canvas > 90° CW ပြောင်းပါမယ်။
ပြီးရင် Text ကို (Filter > Stylize > Wind) ကိုဝင်ပြီး Filter ထည့်ပါမယ်။
Rasterize လုပ်မလားဆိုတဲ့ Box ကျလာရင် OK လို့ပေးလိုက်ပါ။
ဒါဆိုရင် Text Layer မဟုတ်တော့တဲ့အတွက် နောက်ထပ်စာပြင်ရိုက်လို့မရတော့ပါဘူး။
Method=Wind နဲ့ Direction=From the right မှာထားပါတယ်။
ဒါဆိုအောက်က ပုံအတိုင်းတွေ့ရမှာပါ။



၃) ပြီးရင် (Image > Rotate Canvas > 90°CCW) ကို ပြန်ပေးပါ။ Layer ရဲ့ Fill ကို 10%
အနီးတစ်ဝိုက်မှာထားပါမယ်။

၎) Blending Option ထဲက Bevel & Emboss ကိုဝင်ပါ။
Setting တွေကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။
Glass Contour= Ring Double မှာထားပါမယ်။
ဒီ Contour Style က Text ကို ရေခဲနဲ့တူအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
Highlight Mode Color=#d5f5ff နဲ့ Shadow Mode Color=#1b374a မှာထားပါမယ်။
အပြာနုနဲ့ အပြာရင့်ပဲဖြစ်ပါတယ်။



၅) ပြီးရင် Outer Glow ကိုဝင်ပြီး အပြာနုရောင် နဲ့ Opacity=25% မှာထားပါမယ်။
ရေခဲဟာ မှန်နဲ့ခပ်ဆင်ဆင်ဖြစ်လို့ Reflection ပြန်ပါတယ်။ ဒီ Outer Glow ကရေခဲအနားစွန်းက
Reflection မျိုးကို ဖန်တီးတာဖြစ်ပါတယ်။



ပြီးရင် Inner Glow ကိုလည်း အဲဒီအပြာရောင်ပဲထည့်ပြီး Opacity ကိုတော့ 75% မှာထားပါမယ်။
ရေခဲတုံးတွေကို မြင်ဖူးမှာပါ။ သေချာကြည့်ရင် အနားသတ်တွေက အလယ်ကရေခဲသားလို မကြည်လင်ပါဘူး။
Inner Glow က အဲဒီ အနားသတ်တွေက အရောင်အဆင်းမျိုးကို ဖန်တီးပေးမှာပါ။



အားလုံးလုပ်ပြီးပြီဆိုရင်တော့ အောက်ပါပုံအတိုင်းတွေ့ ရပါလိမ့်မယ်။



ဒီနေရာမှာရပ်ထားလို့ရပါတယ်။ ဒါပေမယ့် ပိုမိုဖန်တီးချင်တယ်ဆိုရင် အဲဒီ Layer ကို Duplicate ထပ်ပွားနိုင်ပါတယ်။
ဒါဆို ပိုထင်းတဲ့ Text ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Sparkle လို့ခေါ်တဲ့ အလင်းပွင့်များကို Brush နဲ့ထည့်လိုက်ရင်တော့
လင်းလက်တောက်ပနေတဲ့ အေးတိအေးစက် ရေခဲ Text ကို ရရှိမှာဖြစ်ပါတယ်။

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်