လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

May 30, 2009

Cbox code

ဘာရယ်တော့မဟုတ်ပါဘူးဗျာ ... ဒါက စီဘောက်စ်ရဲ့  အကူအညီနေရာမှာသွားဖတ်ရင်တောင်
သိနိုင်ပါတယ်... ဒါပေမယ့်လောလောဆယ်ပိုစ့်ကလည်းတင်စရာမရှိတာနဲ့ ပဲ
လျှောက်ရေးလိုက်
မိတယ်။သိပြီးသားသူတွေကိုတော့ ဘွားတေးပါဗျာ ...
ဟီးဟီး

ကျွန်တော်တို့ သူများစီဘောက်စ်ထဲမှာလျှောက်အော်တော့မယ်ဆိုရင် စီဘောက်ပိုင်ရှင်
သတိထားမိအောင်ရေးလို့ ရတာပေါ့ ... ဒါမှ ကိုယ့်ကို သတိထားမှာကိုး ...
  • Bold အနေနဲ့ ရေးချင်ရင် [b] bold [/b] ဆိုပြီးရေးထည့်
  • Italisc အနေနဲ့ မြင်ချင်ရင် [i] italics [/i] ဆိုပြီးရေးထည့်
  • Underline တားချင်ရင် [u] underline [/u] ဆိုပြီးရေးထည့်
  • မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်
  • အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်
  • အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်
  • အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်
  • စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big]Text [/big] ဆိုပြီးရေးထည့်
  • အသေးနဲ့ ပေါ်စေချင်ရင် [small]Text [/small] ဆိုပြီးရိုက်
  • Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်
  • စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်
  • Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်
  • လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်
ဒီလိုဆိုရင် ကိုယ်သူများ စီဘောက်စ်မှာ လှတပတလေးသွားအော်လို့ ရပြီ ....
အဆင်ပြေကြပါစေဗျာ
သိပြီးသားသူတွေကတော့ သည်းခံဗျာ ... သည်းခံ
သည်းခံခြင်းသည်အောင်မြင်ခြင်းမည်၏ တဲ့ ... :P

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်