လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

May 19, 2009

လိုအပ်ချက်နဲ့ အလိုအပ်ဆုံး

အင်မတန်မှ စာရေးရတာပျင်းတဲ့ကျွန်တော့်ကို ချစ်သောနယ်သားကြီး ပြင်ဦးလွင်သား
က အလုပ်ပေးသွားတယ် ... အင်း ... သူလာပြောမှလည်း စဉ်းစားမိတော့တယ် ...
ဘာတွေလိုအပ်ပြီး အဲဒီလိုအပ်တဲ့အရာတွေထဲက ဘာတွေက အရေးအကြီးဆုံးဖြစ်
မလဲဆိုတာကို ... လူဆိုတဲ့သတ္တ၀ါမျိုးမှာ လိုအပ်ချက်တွေတော့အတော်များသားဗျ ..
အရာအားလုံးပြီးပြည့်စုံတဲ့ လူဆိုတာတော့မရှိဘူးထင်တယ် ... အဲဒီအထဲကမှ ကျွန်တော့်
အတွက် လိုအပ်ချက်တွေ ကိုစဉ်းစားကြည့်တယ် ...
(ဘာတွေလိုအပ်ပြီး ဘာတွေကအရေးကြီးပါလိမ့်)
၁။ ဘာပဲလုပ်လုပ်ဘုရာတရားကိုမမေ့ဖို့  လိုအပ်တယ်ထင်တယ်။
၂။နောက်ပြီး မွေးမိခင်ရဲ့  ကျေးဇူး ဆပ်နိုင်ဖို့ လည်းလိုအပ်တယ်။(ကျွန်တော်ကိုယ်တိုင်
.... ခုထက်ထိ မဆပ်နိုင်သေးဘူးဖြစ်နေတယ်)
၃။ မိသားစုနဲ့ အတူတူနေနိုင်ဖို့ လည်းလိုအပ်တယ်လေ။(ကိုယ်မှ မနေနိုင်တာ)
၎။ ငွေဟာလောကကြီးမှာ အရေးပါတဲ့နေရာမှာပါတယ်တဲ့။(ငွေလည်းလိုအပ်တာပဲ)
၅။ အသိပညာ အတတ်ပညာ ရှိမှ ဘ၀မှာ ရပ်တည်နိုင်မယ်တဲ့။
၆။ ကိုယ့်ကိုအရမ်းချစ်ပြီး အရာရာနားလည်ပေးနိုင်မယ့်ချစ်သူတစ်ယောက်။
၇။ ကိုယ်ပိုင်ဘ၀တစ်ခုကိုတည်ဆောက်မယ်ဆိုရင် ကိုယ်ရဲ့ ခံစားမှုပေါင်းစုံကို မျှဝေခံစားပေးမယ့်
.....ကြင်ဖော်တစ်ယောက်လည်းလိုအပ်တယ်။(ဟီး .. မရှိရင်ရှာထားကြ)
၈။ နောက်ပြီး အသက်တွေဘာတွေကြီးလာရင် အေးအေးချမ်းချမ်းနေနိုင်မယ့် အိမ်လေးတစ်လုံး။
....(ကျွန်တော့်အတွက်ပြောတာပါ)
၉။ နောက်ထပ်လိုအပ်တာတွေကတော့ အများကြီး ပဲ ... စာရိုက်ရမှာပျင်းလို့ ဒီလောက်နဲ့ ပဲ
....ဟိုးထားလိုက်တော့မယ်။
  • ကျွန်တော့်အတွက် အလိုအပ်ဆုံးကတော့မွေးမိခင်ရဲ့  ကျေးဇူး ဆပ်နိုင်ဖို့ ပါ။
  • ခုထက်ထိတော့ ကြိုးစားနေဆဲပါပဲ။ကြာလည်းကြာနေပြီ ... :D
လောလောဆယ်အရေးတကြီးလိုအပ်နေတာကတော့ ပိုက်ပိုက်။အတိုးမယူ ပြန်မတောင်းပဲ
ငွေချေးချင်တဲ့သူငယ်ချင်းတွေရှိရင် ဆက်သွယ်ကြပါကုန်။

အင်း ... နယ်သားက တဂ် တာ ဆိုတော့ အားကျမခံ သူများကို ပြန်ဆော်ထည့်လိုက်မယ်။
လာလေ့ ....(ရှားရှားပါးပါး နှစ်ယောက်လောက်တော့ ရှိတယ်)
ခင်ခင်မင်မင်ရှိတဲ့သူတွေကလည်း သိပ်မရှိတော့ အမျိုးအချင်းချင်းပဲ တဂ်လိုက်ပြီဗျို့ ။








2 comments:

ကိုရဲ said...

အားပါးပါး ငါ့ကိုတက်ဂ်ထားပါလားဟ ။ အေးပေါ့လေ ။ ရေးပေးရတော့မှာပေါ့ ။ နဲနဲတော့စောင့်ဟ ။ တက်ဂ်ထားရင်လည်း အိမ်မှာလာအော်မှပေါ့နယ်နယ်ရ ။ သေပါပီ ။

(ကိုရဲ)

ကိုရဲ said...

အားပါးပါး ရေးပေးပါ့မယ်နယ်နယ်ရာ ။ ခဏတော့စောင့်ကွာ ။နော့် ။

(ကိုရဲ)

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်