လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jan 31, 2009

အမေဆိုတာ !

လေလွင့်သူတစ်ယောက်ရဲ့ လွမ်းဆွတ်မှု


ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့ မှ အနောက် တောင်မှ မြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။
တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့ မှ အနောက် တောင်မှ မြောက်သို့ ကျွန်တော်လေ
လွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင်ဗဟုသုတကလည်း တိုးခဲ့သည်။
ကမ္ဘာ့ရွာသည်တဖြည်းဖြည်းကျဥ်းလာသည်။မွေးရပ်မြေက အမေတစ်နေ့ ထက်တစ်နေ့ အိုစာသွားခဲ့သည်။
လွန်ခဲ့သော ၂၀ နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှအစပြုလို့  ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။နှစ်ပေါင်း ၂၀ အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ကွမ်းတုန်မှဟောင်ကောင်၊နယူးယောက်မှ ၀ါရှင်တန်၊တောင်အမေရိကားမှတောင်အာဖရိက ထိ၊ထိုမှတဆင့်
လန်ဒန်မှ ဆစ်ဒနီ အလုပ်လုပ်ရင်း လှည့်လည်ရင်း လှည့်ပါတ်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသောနိုင်ငံပေါင်း ၂၀ ကျော်ခဲ့သည်။
နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပါတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့ သော်စိတ်ထဲတွင်
အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလည်းနိုင်ခဲ့။ IP ဖုန်းကဒ်လေးတွေပေါ်မှ အမေ့ကိုကျွန်တော်မကြာခဏဖုန်းဆက်
နိုင်ခဲ့သည်ဖုန်းထဲတွင်အမေ၏ အေးချမ်းသောလေသံသည် ဘ၀၏ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အားပိုဖြစ်
စေခဲ့သည်။အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။အမေဖုန်းဆက်တိုင်း ကျွန်းမာရေးကိုဂရုစိုက်ဖို့ 
အမေ့ကို စိတ်မပူဖို့ သတိနှင့်သွားလာဖို့ ၊ခွင့်ယူပြီးအိမ်ပြန်မလာဖို့  ပြန်လာရင်ငွေကုန်ကြေးကျများပြီးအလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း
ထပ်တလဲလဲပြောသည်။ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ ချင်နေပြီဆိုတာကျွန်တော်
သိလိုက်ပါသည်။
အမေ့အသက် (၇၅) နှစ်ရှိပါပြီ။ကျွန်တော်လက်ဘေးက အလုပ်တွေချ စိတ်ထဲက အစီအစဉ်တွေကို ဖြတ်ပြီး အမေ့ဆီကို တစ်လ ပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ထိုတစ်လအတွင်း ဘာမှ မလုပ် ဘာမှမတွေးဘဲ ကျွန်တော် အမေ့အနားတွင်နေမည်။
ကျွန်တော်ပြန်လာမည့်အကြောင်း အမေ့ကိုဖုန်းဆက်အကြောင်းကြားပြီးသည့်နောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။
မှတ်စုစာအုပ်တစ်အုပ်ဖြင့်ကျွန်တော်ကြိုက်သောအစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ယာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်းအမေ အလုပ်တွေရှုပ်နေသည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။အသက် (၇၅) နှစ်ရှိပြီ ဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့ အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီ ကျွန်တော်ခံစားမိသည်။
လေယဉ်ပေါ်တွင် အမေနှင့်တွေ့ သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟူသောစိတ်ကူးနှင့်ကြည်နူးနေမိသည်။တစ်ကယ်တမ်း
အမေနှင့်တွေ့ သောအခါ ကျွန်တော်ပြေးမဖက်မိ။အိမ်ပေါက်ဝတွင်ကြိုနေသောအမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။မျက်နှာ
ပေါ်ကအရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေတော်တော်အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ချင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်။သို့ သော်
ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်းအမေ့ကို မပြောဖြစ်ခဲ့။အမေ မျက်စိမှုန်လာပြီဖြစ်သောကြောင့်ဟင်းများက
ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများ အရင်ကနှင့်မတူတော့။ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ယာခင်းမှာလည်း
ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ထိုစောင်ထူထူကြီးများကိုခြုံအိပ်ရတဲ့ အကျင့် ကျွန်တော့်မှာ မရှိတော့။ဂွမ်းစောင်အစား သိုးမွေးနုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့။ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့  တွေ့ ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ တစ်ရက် နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ပြောဖြစ်ပြန်တော့လည်းလူဖြစ်အင်များ လူ့ ဘ၀ အကြောင်းများ
ကိုထပ်တလဲလဲပြောနေမိတော့သည်။ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့် က အမေအပ်ကြောင်းထပ်အောင်
ပြောခဲ့သောစကားများဖြစ်သည်။ထိုအကြောင်းအရာများနှင့်ကျွန်တော်၏ ဘ၀နှင့် အလုပ်အကြောင်းကိုခိုင်းနှိုင်းပြီးပြောတော့သည်။
ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည်ခေတ်
နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေမှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့် ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ ၊ယင်ကောင်များ ပါလာတတ်သလို ထမင်း ဟင်းများကြမ်းပေါ်သို့ ကျလျှင်လည်းပြန်ကောက်ထည့်လာတတ်သည်။အခြေအနေများသည် ယခင်ကနှင့် မတူတော့။
အိမ်တွင်ချက်မစားဘဲ ဆိုင်တွင်မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ကျန်းမာရေးနှင့်မညီညွတ်ကြောင်း
ပြောသည်။ထမင်းချက်အဖော်တစ်ယောက်ရှာထားခဲ့မည် ပြောပြန်လျှင်လည်း အမေသည် ငါလှုပ်ရှားနိုင်သေးတယ်၊ငါမအိုသေး
ဟု ကျွန်တော့်ကို အမေ စိတ်ဆိုပြန်သည်။ကျွန်တော်မြို့ ထဲသို့ သွားလျှင် အမေလည်းလိုက်ချင်သည်။နောက်ဆုံးတွင် အမေ့ခြေလှမ်း
ကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။
အကြောင်းအရာတစ်ခုခုဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့် အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊လမ်းမှားလိုက်
နေသည်ဟု အမေထင်သည်။အရာရာတိုင်းသည် တိုးတက်နေပြီ ဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာအမေ့ကိုပြောဖြစ်မိခဲ့သည်။
နောက်ပိုင်း အမေ နှင့် ပြောဖြစ်သောစကားတိုင်းတွင်ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီးစကားလမ်းကြောင်းလွှဲခြင်းများ
ကို လုပ်မိလာသည်။ကျွန်တော်စိတ်မရှည်သော အချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊စကားဖြတ်ခြင်းများပြုလုပ်မိ
သောအခါ အမေသည်ပြောလက်စ စကားကိုရပ်ပြီးတွေတွေလေးနှင့်နှုတ်ဆိတ်နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ရခါနီးတွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့်ကျွန်တော်ပြည်ပရောက်စဉ်
ကျွန်တော်ရောက်ဖူးသမျှနိုင်ငံတွင်ဖြစ်ပျက်ခဲ့ဖူးသောသတင်းများပင်ဖြစ်သည်။ကျွန်တော့်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ကျွန်တော့်လက်ထဲသို့ အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလို သည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်းအားစိုက်ရတဲ့အမေ သတင်းစာတစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းများကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည် ဆိုတာကို ကျွန်တော အသိသို့ သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။
ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခုလွင့်ကျသွားသည်။ကျွန်တော့ထက်ဦးအောင်
အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိပ်ထဲသို့ ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့ကိုပြပါလား"အမေ တွေတွေလေးနှင့်ကမ်းပေးပြီးထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်မိသည်။" ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂ လပိုင်း ၆ ရက်နေ့  ဆောင်းပါးလေးဖြစ်သည်။ ထိုဆောင်းပါးလေးမှာ
"ငါအိုသွားတဲ့အခါ"

  • ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ငါ့ကိုနားလည်ပေးပါ၊စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ
  • ချိနဲ့ နဲ့ လက်တွေနဲ့ ထမင်း ဟင်းတွေ အကျီင်္ပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ငါ့ကိုမရွံပါနဲ့ 
  • ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ
  • ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေကို မရိုးအောင်ပြောရင်း
  • ငါချော့သိပ်ခဲ့ဖူးတာတွေ ကိုသတိရပေးပါ။
  • မလှုပ်မရှားနိုင်လို့  ရေချိုးဖို့  အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ 
  • ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ
  • ခေတ်သစ် နည်းပညာသစ်တွေကို နားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့ ၊
  • ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာနဲ့  ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
  • စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ငါ့ကို ကူတွဲပေးပါ
  • လမ်းလျှောက်သင်ကာစ အရွယ်တုန်းက တစ်လှမ်းခြင်းလမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီးသတိရပေးပါ။
  • အသက်ကြီးလာလို့  စကားပြောရာမှာရှေ့ နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး
  • စဉ်းစားခွင့်ပေးပါ၊စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးပါဘူး
  • ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ
  • အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေးလက်ခံမှာပါ။
  • အဲဒီ အပြုံးတွေမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ ရမှာပါ။

ကျွန်တော်မျက်ရည်မကျအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ကျွန်တော့် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကိုထားခဲ့ပြီး ထိုဖြတ်ပိုင်းများကိုထည့်လိုက်
သည်။ကျန်သောဖြတ်ပိုင်းများက ကျွန်တော့အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာရောက်ရောက် ကျွန်တော့် အနားက မခွါတော့။
ယခုထက်ထိ ထိုမှန်ဘောင်သွင်းထားသောဖြတ်ပိုင်းလေးမှာ ကျွန်တော့ စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်
ပြီး သတိရကြောင်း၊ကျန်းမာကြောင်း အမေချက်သော ဟင်းများကို စားချင်ကြောင်း

***************************************************************************************************************************************
ဝန်ခံချက်

ကျွန်တော် ဒီဆောင်းပါးလေးကို ကျွန်တော့် Forard mail ကနေ ပြန်ပြီး တင်ပြပေးတာပါ။ဒီဆောင်းပါးလေးကို ရေးတဲ့ သူကို လည်းခွင့်မတောင်းမိပါဘူး။ဒါကြောင့် ဒီဆောင်းပါးပိုင်ရှင် မှ ကျွန်တော်၏ ပိုစ့် ကလေးကို ဖတ်မိပါက ခွင့်လွတ်ပါဟု
အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျာ။

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်