လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jun 19, 2012

Artisteer Software Install ပြုလုပ်နည်း။

ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ အွန်လိုင်းပေါ်ကို အပ်ဗလုတ် လုပ်ချင်တယ်ဆိုရင်တော်တော့်ကို အချိန်ပေးရပါတယ်။ဒါကြောင့်တစ်ရာမီဂါဘိုက်လောက်ပဲရှိတဲ့ ဆော့ဝဲတစ်ခုကို အပ်ဗလုတ် လုပ်ချင်တယ် ဆိုရင် WinRar ဆိုတဲ့ Software လေးနဲ့ Split(ပိုင်းဖြတ်)ပြီး ကိုယ်တင်ချင်သလောက်အရွယ်အစားကို ပြောင်းယူပြီးတင်ထားရပါတယ်။ မပြောင်းပဲတင်လိုက်မယ်ဆိုရင်ဆံပင်ဖြူပြီးအသက်ကြီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်လဲ အပိုင်းသုံးပိုင်းခွဲပြီး အပ်ဗလုတ်လုပ်ထားပါတယ်။ စီပုံးမှာသူငယ်ချင်းတစ်ယောက် ကလာမေးတဲ့အတွက်မှတ်သလောက်၊သိသလောက်လေးကို Share ပြန်လုပ်ခြင်းဖြစ်ပါတယ်။
WinRar Software မရှိသေးရင် ဒီနေရာ ကနေ ဒေါင်းယူနိုင် ပါတယ်။ Win Rar ကိုတင်ပြီးပြီဆိုရင် ဒေါင်းထားတဲ့ (Part1,Part2,Part3,KeyGen) စတဲ့ဖိုင်လေးဖိုင်ထဲက Part1 ကို Right Click နှိပ်ပြီး Extract Here ကိုပေးလိုက်ပါ။၎င်းဖိုလ်ဒါအတွင်းမှာပင် Artisteer Software Installer ကိုတွေ့ရှိမည်ဖြစ်ပါသည်။



ယခု Software ကို Install ပြုလုပ်နိုင်ရန်အတွက် .Net Framework Version 2.0 နှင့်အထက်လိုအပ်ပါ လိမ့်မည်။ ဒီနေရာ တွင်ဒေါင်းလုပ်ပြုလုပ်နိုင်ပါသည်။ .Net Framework Version 2.0 နှင့်အထက်ကိုတင် ပြီးပါက Artisteer Software ကိုဆက်လက်ပြီး Install ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ Double Click နှိပ်ပြီးအ ခြားသော Software များကဲ့သို့ပင် Install ပြုလုပ်သွားပါ။ Finish ဖြစ်ပြီး အောက်ပါပုံအတိုင်းဆက်လက် တွေ့ရမည်ဖြစ်ပါသည်။

Activate ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းဆက်လက်တွေ့ရပါမည်။
အနီရောင်နှင့်ဝိုင်းထားသော Installing Code ကိုကော်ပီ လုပ်ယူထားပါ။

ထို့နောက် Folder ထဲမှ Artisteer 3.1.0 Keygen.rar ဖိုင်ကို Right Click ထောက်၊Extract Here ပေး လိုက်ပါ။

 အောက်ပါအတိုင်းဆက်လက်တွေ့ရှိပါလိမ့်မည်။ Installing Code နေရာတွင် ယခုနက ကော်ပီယူထား သော Code ကို Paste(Ctrl+V) ပြုလုပ်ပေးပါ။အစိမ်းရောင်နှင့်ဝိုင်းထားသော License Key နှင့် အ၀ါ ရောင်နှင့်ဝိုင်းထားသော Activation Key များကိုကူးပြီး ပုံပါအတိုင်းထည့်ပေးပါ။



License Key ထည့်၊ Auto-activation throuth the Internet နေရာမှာအမှန်ခြစ်ဖြုတ်၊ Activation Key ထည့်၊ပြီးလျှင် Activate ကိုနှိပ်ပါ။သို့မှသာလျှင် Activation ပြုလုပ်ပြီးသော Full Version Artisteer Software ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

scorpian.mgk@gmail.com :  လာရောက်လည်ပါတ်သည့်အတွက်အထူးကျေးဇူးတင်ရှိပါသည်။
လေ ကြောအနည်းငယ်ရှည်သွားသဖြင့်တောင်းပန်ပါသည်။အဆင်ပြေမည်ဟု မျှော်လင့်မိပါသည်။



Thanks For Your Visit

No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်