လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jun 19, 2009

ဘာစာလုံးပုံစံတွေလည်း???






ဘာစာလုံးပုံစံတွေမှန်းချက်ခြင်းဆိုရင်သိနိုင်မှာမဟုတ်ဘူးဗျ ... နော့
စာလုံးတွေကိုဘယ်လိုလှန်ဖတ်ဖတ် တစ်မျိုးထဲပေါ်အောင်ဒီဇိုင်းဆွဲ
ရေးထားတဲ့ပုံမျိုးလေးတွေ ... မိုက်တော့မိုက်တယ်ဗျ ... တက်တူးဆွဲ
ဝါသနာပါရင်တော့ ဆွဲထားလို့ ရတယ် ... ဒီစာလုံးပုံလေးတွေကတော့
ဆရာသတိုးတေဇ ရေးတဲ့ အိပ်မက်ရွာ အခန်း(၁၃) ဆိုတဲ့ စာအုပ်
ကလေးထဲက ဟာလေးတွေပါ ... သဘောကျလို့ ဖြတ်ထားလိုက်တာ ...
ဓါတ်ကြီးလေးပါး ကို အင်္ဂလိပ်လို ရေးထားတာ ... မြေ၊ရေ၊လေ၊မီး ပေါ့
နောက် အောက်ဆုံးက ပုံလေးကတော့ စာအုပ်ထဲကဂိုဏ်းနာမည်
Illuminati တဲ့ ... (တစ်ကယ်ရှိခဲ့တဲ့ပုံပဲ :D ) ... ဘာရယ်မဟုတ်
ပျင်းပျင်းရှိတာနဲ့ စိတ်ကူးပေါက်ရာတင်ထည့်လိုက်တာ ... ဆရာသတိုးတေဇ
စာအုပ်တွေဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာ မှာ တင်ထားဖူးပါတယ် ...



No comments:

ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်