လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Apr 17, 2009

Breaking BIOS Password

ဟိုတစ်နေ့ က သူငယ်ချင်းတစ်ယောက်ကမေးတာ။
ကျွန်တော်လည်းမသိတာနဲ့  Google မှာရှာကြည့်တော့ ဒီဗီဒီယိုဖိုင်လေးတွေ့ တယ်။
ဒါကြောင့်မသိသေးတဲ့သူများလည်းသိရအောင်တင်ပေးလိုက်ပါတယ်။




အဆင်ပြေကြပါစေဗျာ...

Windows Password

ကိုယ့်ကွန်ပျူတာကို ပါစ်ဝေါ့တွေ ခံခံထားတတ်တဲ့သူများအတွက် တစ်မျိုးပါ။
windows key+R နဲ့  Run Box ကိုခေါ်လိုက်ပါ။
အဲဒီကနေ Run Box မှာ syskey လို့ ရိုက်ထည့်။
Securing the windows Account Data base ဆိုပြီး Box တစ်ခုကျလာမယ်။
အဲဒီမှာ Update ဆိုတာကို Click ပေးလိုက်။
Password start up ကို အမှန်ခြစ်ပေးလိုက်။
ပြီးရင် Password နဲ့ Confirm မှာ ကိုယ်ပေးချင်တာရိုက်ထည့်။
Restart ချကြည့်လိုက်ပါ။
ဝင်းဒိုးပါစ်ဝေါ့မတောင်းခင် ဒီပါစ်ဝေါ့အရင်တောင်းပါလိမ့်မယ်။

မထားချင်တော့ဘူးဆိုရင်လည်း ဒီအပေါ်က နည်းအတိုင်းပဲ ပြန်ဖျက်လိုက်ပါ။
အဆင်ပြေကလိနိုင်ကြပါစေဗျာ။

Apr 15, 2009

How to get Free Domain name co.cc

သူများတွေ co.cc တွေလုပ်ထားကြတော့ ကျွန်တော်လည်းလုပ်ချင်လိုက်တာ ...
ဒါပေမယ့် သူက တစ်နှစ်ပြီးရင် ဒိုမိန်းက Expire ဖြစ်သွားပြီး ပိုက်ပိုက်
တောင်းတယ်ဆိုတော့ လုပ်လည်းမထူးဘူးမို့ လို့ မလုပ်တော့ပါဘူး ...

ဒါပေမယ့်
ခုကျွန်တော် co.cc ဒိုမိန်း Register လုပ်မယ့်နည်းလေးကိုကျွန်တော်သိသလောက်
ဖော်ပြလိုက်ပါတယ်။

၁) ပထမဆုံး
ကျွန်တော်တို့  co.cc ဆိုတဲ့လင့်ခ်ကလေးကို အရင်သွားလိုက်ပါမယ်။
အဲဒီမှာ အကောင့်မရှိသေးဘူးဆိုရင် Create an account now ကို ကလစ်နှိပ်ပါမယ်။



၂) ကျလာတဲ့ စာမျက်နှာမှာ ကိုယ်ပိုင် Email Address နဲ့  Register လုပ်ယူလိုက်ပါ။
ပြီးရင် co.cc ဆိုတဲ့ စာမျက်နှာကို ပြန်သွားပါ။

၃) ပြီးရင် အောက်ပုံမှာပြထားတဲ့နေရာမှာ သင်ပေးချင်တဲ့ နာမည်ပေးပြီး Check လုပ်ကြည့်ပါ။



အကယ်လို့ သင်ပေးလိုက်တဲ့နာမည်က အမည်တူရှိမနေဘူးဆိုရင် available ဆိုပြီး
ပြပါလိမ့်မယ်။ပြီးရင်တော့ Continue to registration ။



ဒါကတော့ တစ်ကယ်လို့  ၄၈ နာရီအတွင်းဒီ နာမည်ကို Setup မလုပ်ပေးရင်အလိုအလျောက်
Cancelလုပ်သွားမယ်လို့ ပြောတာပါ။



SetUp ပေးလိုက်ပါတယ်။
www.name.Co.CC >>Setup ကိုကလစ်နှိပ်ပါမယ်။



၎) အခု ကျွန်တော်တို့ Domain name setup စာမျက်နှာမှာ ဒီအောက်ကလို သုံးနေရာ
တွေ့ ရပါလိမ့်မယ်။



  • 1. Manage DNS (Can be hard for newbies)
  • 2. Zone Records (Also hard a hard task for newbies)
  • 3. URL Forwading (the simple thing that almost everyone can do)
၅) အောက်ဆုံးက URL Forwarding ကိုရွေးလိုက်ပါတယ်။
Redirect To(URL) ဆိုတဲ့ နေရာမှာ သင့်ရဲ့ URL အမှန်ကိုရေးထည့်ပေးရပါမယ်။
(www.example.blogspot.com)
Page Title မှာတော့ သင်ပေးချင်တဲ့ Title ပေးနိုင်ပါတယ်။
Frame : မှာအောက်က URl Hiding (Hide real address) ကိုရွေးလိုက်ပါ။
အောက်က Description နဲ့ Keywords ကိုအလွတ်ထားခဲ့လို့ ရပါတယ်။

၆) ပြီးရင် Setup ။အိုကေ ပေးလိုက်ပါ။
သင့်ရဲ့  ကိုယ်ပိုင်ဒိုးမိန်းနာမည်အသစ်နဲ့  www.domainname.co.cc ဆိုတာကိုတွေ့ ရမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေခင်ဗျာ။

Apr 11, 2009

Glitter Text Effect

ကျွန်တော် ဆိုဒ်တွေကိုလျှောက်ဖတ်ရင်းနဲ့  Glitter Graphic လုပ်တဲ့ Photoshop Tutorial
လေးတစ်ခုဖတ်မိတယ်။အဲဒါလျှောက်လုပ်ကြည့်ရင်းနဲ့ တစ်ခြားမသိသေးတဲ့
သူများလည်းသိရအောင်ပြန်ပြီးဝေမျှလိုက်ပါတယ်။


  • ၁)ထုံးစံအတိုင်းပါပဲ ပထမဆုံး ဖိုတိုရှော့ကိုဖွင့်ပါမယ်။
  • အလျား ၆၀၀ အနံ ၂၀၀ Pixels နဲ့  နေရာအသစ်တစ်ခုခေါ်လိုက်ပါမယ်။
  • ပြီးရင်တော့ Horizontal Type Tool နဲ့ ကိုယ်ရေးချင်တဲ့ Text ပုံစံပေါ်လာအောင်
  • ရိုက်လိုက်ပါတယ်။
  • ကျွန်တော်ကတော့ ကောင်းကင်ဇင်ယော် ဆိုပြီးရိုက်လိုက်ပါတယ်။




  • ၂) ပြီးတော့ Duplicate layer ဆိုပြီး Layer သုံးလေးခုလောက်ပွားယူပါတယ်။
  • ကျွန်တော်ကတော့ Layer ငါးခု ပွားထားပါတယ်။



  • ၃) ဒီအဆင့်မှာ ကိုယ်ရွေးထားတဲ့ Layer တစ်ခုထဲကိုပဲ မျက်စိဖွင့်တဲ့ ပုံစံလေးကိုပေးပြီး
  • Fliter>Noise>Add Noise ဆီကို အဆင့်ဆင့်သွားပါမယ်။



  • ၄) အဲဒီ Add Noise ဆိုတဲ့ Box ကလေးကျလာရင် အောက်ပါပုံအတိုင်းပဲ
  • Gaussian Amount ကို ၅၀ ပေးပြီး Monochromatic ဆိုတဲ့ နေရာကို အ
  • မှန်ခြစ်လေးလုပ်ပေးပါ့မယ်။




  • ၅) နောက်ထပ်ထပ်ပြီးပွားထားတဲ့ Layer တွေကိုလည်း မျက်လုံးဖွင့်ပြီး
  • အထက်ပါအတိုင်းပဲ ဆက်လုပ်ပါမယ်။နောက် Layer တွေရဲ့ 
  • Gaussian Amount ကို တော့ ၅၅၊၆၀၊၆၅ စသဖြင့် ကိုယ်ထားချင်သလောက်ထားလိုက်ပါ။

  • ၆) ပြီးရင် ကိုယ် Select လုပ်ထားတဲ့ Layer ပေါ်မှာ Right Click>Blending Options ကိုဝင်ပါမယ်။
  • Blending Options Box ကျလာရင် အောက်မှာ ကျွန်တော်ဆက်ပြထားတဲ့ အတိုင်း
  • Drop Shadow,Bevel And Emboss,Stroke စတာတွေကို ကိုယ်ထားချင်တဲ့
  • Value အတိုင်းအဆင်ပြေအောင်ထားလိုက်ပါမယ်။





၇) Blending Options ထည့်ပြီးရင် ကိုယ် Select လုပ်ထားတဲ့ layer ကို Right Click ပြန်ပေး ၊Copy layer style ယူလိုက်ပါတယ်။


၈) ပြီးရင်တော့ ကိုယ်ပွားထားတဲ့ Layer တစ်ခုစီတိုင်းကို မျက်လုံးပုံလေးဖွင့်ပေးပြီး
Paste Layer Style လိုက်လုပ်လိုက်ပါမယ်။




၉) ဒါပြီးရင်တော့ Image Ready ကို ကူးပါမယ်။
Image Ready မှာ Animation Box ကလေးနဲ့  Optimize Box ကလေးကိုဖွင့်ထားပါမယ်။
အဲဒီမှာ အောက်ပါပုံအတိုင်း New Frame ခေါ်ပြီး Play Button ပုံစံလေးကိုနှိပ်ကြည့်ပါ။



Speed တွေကိုတော့ ကိုယ်ကြိုက်သလောက်ထားကြည့်လိုက်ပါ။
ပြီးရင်တော့ Optimaize Box ကို ဒီအတိုင်းထားပြီး Optomaize As နဲ့ Save လိုက်ပါမယ်။



  • ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ။





အထက်ပါအဆင့်တွေမှာ ကိုယ် Select လုပ်ထားတဲ့ Layer ကလွဲပြီး ကျန်တဲ့ Layer တွေကို မျက်လုံးပိတ်ပေးဖို့ လိုအပ်
ပါတယ်။နောက်ပြီး Image Ready မှာ New Frame ခေါ်တဲ့အခါမှာလည်း အသစ်တစ်ခုခေါ်ပြီးရင် ပထမ Layer ကို မျက်
စိမှိတ်ပေးပြီး နောက်ဒုတိယ layer ကိုမျက်စိဖွင့်ပေးရပါမယ်။ဒါမှ Frame ထဲမှာရှိတဲ့ Layer က ပြောင်းလဲမှာဖြစ်ပါတယ်။
နောက်ပိုင်း layer တွေကိုလည်း ဒီအတိုင်းပဲဆက်လုပ်ပေးရမှာဖြစ်ပါတယ်။



တစ်ကယ်လို့ အဆင်မပြေမှုများရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်ခင်ဗျာ။
အဆင်ပြေနိုင်ကြပါစေ။
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်