လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 14, 2012

I Hate School


  
ချောင်းလေးတစ်ခု ဖန်ဆင်းပေးစမ်းပါ
လှေလေးလှော်ပြီး အိမ်ပြန်ချင်လို့။
ကျောင်းကြီးတက်တာ စိတ်ပျက်လာ
ပျင်းပါ့ ဒီကျောင်းတော်။
ပီတီဆင်းရ မနက်ဒွတ်ခ တော်တော်များသဗျ
မနက်မအား ညမအား
ရှုပ်လှ ဒီကျောင်းတော်
စာသင်ခန်းထဲ ရောက်ပြန်တော့
စာတွေမေးပြန်ပေါ့။
စာမေးမှာတော့ သိပ်ကြောက်တယ်
... စာမရလို့ပါကွယ်။
စိတ်ရှုပ်လှတဲ့ ကျောင်းတော်ထဲ
ပြေးထွက်ချင်တာအမြဲ။
အချိန်တွေရယ် ကုန်ပါတော့
အိမ်ပြန်ချင်လှပေါ့။

(ချစ်သူကျောင်းတက်တုန်း ကြောင်ခြစ်မြောက်ခြစ် ခြစ်ပြီးရေးထားတာလေး)
 

Jul 13, 2012

4 Media Ringtone Maker (Portable)



မိမိရဲ့ မိုဘိုင်းဖုန်းအတွက် Ringtone လေးတွေလုပ်ချင်သူများအတွက် Portable လဲ
ဖြစ်၊ သုံးရတာ လဲလွယ်တဲ့ Ringtone Maker လေးပဲဖြစ်ပါတယ်။ Mediafire က နေ
တင်ထားပါတယ်။



Click Here
 
အချိန်နှင့်ဒီရေသည် လူကိုမစောင့်
 

Network Scanner






မိမိ Locan Area Network အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေကနေရှယ်ထား သမျှသော 
Folder တွေ၊ MAC address တွေ၊ အိုင်ပီလိပ်စာတွေ စတာတွေကို အလွယ်တကူလေး
နဲ့ Scan လုပ်ပြီးရှာပေးနိုင်မယ့် Application လေးတစ်ခုပဲဖြစ်ပါတယ်။  လိုချင်သူများရှိ
မယ်ဆိုရင်တော့ အောက်က မီဒီယာဖိုင်းယား နဲ့ တင်ထားတဲ့နေရာလေးမှာ ယူလိုက်နိုင်
ပါတယ်။





CLICK HERE
 
 


ထွေလီကာလီ



အန်းဒရွတ်တိုက် ဆိုတာဘာလဲလို့သိချင်လွန်းလို့ Android ဖုန်းလေးတစ်လုံးဝယ်မိပါတယ် --- ဒုတ်ခနဲ့လှလှနဲ့ကိုတွေ့တော့တာပါပဲ --- ဖုန်းလေးဝယ်ပြီး အိမ်သာနတ်ထဲက ဟိုကြည့်ဒီကြည့် 
နဲ့ မြန်မာစာလေး ဘာလေးပေါ်အောင်လုပ်ကြည့်မိတယ် --- ပြန်လဲဖွင့်လိုက်ရော --- သွားပီ
Android ဆိုတဲ့ Logo လေးပေါ်ပြီးရပ်နေတာ --- ဖုန်းများပြန်တက်လာမလားဆိုပြီးစောင့်
ကြည့်နေလိုက်တာတစ်နေကုန်ရော --- မောင်ရွှေအန်းဒရွတ်တိုက်က ဒီအတိုင်းကဒီအတိုင်း 
ပဲ --- ဒါနဲ့ သူရဲကောင်းတို့ထုံးနှလုံးမူပြီး ဆိုင်ပြမယ်လုပ်တော့ Firmware တဲ့ --- ၁၅၀၀၀ 
ကျပ်တိတိကုန်ကျမယ်ဆိုတော့(မြတ်ချွာဖြား)လို့တိုးတိုးလေးတပြီးပြန်ပြေးလာခဲ့ရတယ် ---
ဆိုင်က မမလေး ကလဲ ဘောင်ချာဖြတ်မယ် ဆိုတာချည်းပဲ --- အဲဒီဖုန်းစုတ်ကလေးတောင်
တစ်လလောက် တီးမဆွဲပဲဝယ်ထားရတာ --- ပျက်တာလေးကို ၁၅၀၀၀ ပေးပြီးမပြင်နိုင် ---
အဲဒါအကုန်ခံမယ့်အစားတော့ အကျိုးရှိတာလုပ်ပြစ်မယ်ဆိုပြီး ဂရင်းရွိုင်ရယ် တစ်တောင့်
နဲ့ စီပီကြက် တစ်ပိုင်းလောက်ဆွဲပြီး အိမ်သာနတ်ထဲအေးဆေးမွှေပြီးကလိမယ်ဆိုတဲ့စိတ်ကူးနဲ့
ဆိုးလိုက်တဲ့ဘ၀များ အိမ်သာနတ်ထဲကနေ မွှေပြီး ကလိကြည့်မယ် လို့စိတ်ကူးမိယုံရှိသေး 
လိုင်းက ကျနေတယ်တဲ့ ---- ဒါနဲ့ပဲ စိတ်ပေါက်ပေါက်နဲ့ ဂရင်းရွိုင်ရယ် လေးကစ်ထည့်လိုက်
တာ အိမ်တာနတ်က ပြန်တက်လာတယ်(ဘာမှလဲမဆိုင်ဘူးနော) --- ဂလူးလလဲ မှာမွှေ
ပြီး (တောထဲကျ ထင်းရ --- ရေထဲကျငါးရ) ဆိုပြီးတွယ်ကြည့်လိုက်တာ --- ဘယ်ရမလဲ
ဂလူးဂလဲ ပဲလေ --- အကုန်ဖြေပေးနိုင်တာပေါ့ --- မနက် ၀၈၀၀ လောက်ကထဲက ကလိ
နေလိုက်တာ --- ညနေ ခြောက်နာရီလောက်ကျမှပဲ အကုန်အဆင်ပြေတော့မယ် ---
ဒါတောင် ကံကောင်းမက ကောင်းလွန်းလို့ဖြစ်မယ်ထင်တယ် --- ခုဆိုရင် စူပါယူဇာ လဲ
ဖြစ်ပြီ --- မြန်မာလိုလဲမြင်ရပြီ --- အိမ်သာနတ် ကိုလဲ ကောင်းကောင်းသုံးလို့ရပြီ ---
Default Apps တွေကိုလဲ ဖြုတ်ပစ်နိုင်ပြီ --- ပညာလဲတစ်ခုရလိုက်ပြီ --- (ကိုယ်မတတ်
သေးဘူးဆိုရင် ဘယ်တော့မှ သွားမကမြင်းမိစေနဲ့) ဆိုတဲ့ပညာလေး --- နောက်များကျ
မှ ဘယ်လိုဘယ်နည်းနဲ့ကြိုးစားလိုက်တာ အောင်မြင်သွားသည် ဆိုတာကို ရေးပါတော့
မည် --- ယခုမှာတော့ အောင်မြင်ခြင်းအထိမ်းအမှတ်အနေဖြင့် ခွေးမသောက်သည့်
အရည်များကိုသောက်နေပါသည်(ခွေးက အကောင်းမှမကြိုက်တာကိုး --- ဘယ်သောက်
ပါ့မလဲနော့)

Definitions

အန်းဒရွတ်တိုက် = Android
ဂလူးဂလဲ         = Google
အိမ်သာနတ်     = Internet
ဂရင်းရွိုင်ရယ်    = Grand Royal အရက်


ပေါက်ကရလျှောက်ရေးထားပါသဖြင့် အမှားပါက ခွင့်လွှတ်ကြပါကုန် ---  
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်