Jul 20, 2009
Gtalk Theme
ကျွန်တော်တို့  Gtalk ဖွင့်ထားယုံနဲ့ Utube နဲ့  Google Video က ဗီဒီယိုဖိုင်တွေကို ကြည့်လို့ ရတဲ့အပြင် နောက် ထပ်တစ်ခြား အသစ် အသစ်တွေလည်း အများကြီးထပ်လုပ်လို့ ရပါတယ် ... (မှတ်ချက်။ ။တော်တော်မိုက်ပါအိ) အရင်ဆုံး ဒီနေရာ ဒါမှမဟုတ် ဒီနေရာ ကနေ ယူလိုက်ပါ ...ပြီးရင်တော့ Rar ကိုဖြည်လိုက်ပြီး အထဲမှာပါတဲ့ install ဆိုတာလေးကို D-click ပြီး အင်စတောလိုက် ... အဲဒါဆိုရင်ပြီးပြီ .. အော် မပြီးသေးဘူးဗျ ... အဲဒီမှာ ကိုယ်ကြူနေတဲ့ ဂျီတော့ ကိုဖွင့် >> နောက်ပြီး ဆက်တင်ကိုသွား >> အဲဒီကနေမှ Appearance ကိုဆက်သွား >> sravi ဆိုတဲ့ Theme ကိုရွေးပေးလိုက် .... ဒါဆိုရင်တော့ပြီးပါပြီ ... အကယ်လို့Utube နဲ့  Google Video က ဗွီဒီယိုတွေကို သူငယ်ချင်းတွေကို ချတ်ဘောက်စ်ထဲကနေ ပြချင်တယ်ဆိုရင်တော့ အဲဒီတစ်ယောက်ကလည်း Gtheme(2.0) ကိုတင်ထားရပါလိမ့်မယ် ... ပြီးရင်တော့ Chat Boxအောက်က အတိုင်း ရိုက်ထည့်ကြည့်လိုက်ပါ
Google Video ဆိုရင် အောက်ပါအတိုင်း
sravi:gvideo:< http://video.google.com/videosearch?q=google+video&hl=en&emb=0&aq=f# >
Youtube Video ဆိုရင် အောက်ပါအတိုင်း
sravi:utube:< http://www.youtube.com/watch?v=saalGKY7ifU>
ဗွီဒီယိုလင်ခ့်တွေမှာ ကိုယ်ကြိုက်တဲ့လင်ခ့်ပြောင်းထည့်ကြည့်ပါ ..
Youtube အထိကိုသွားဖွင့်နေစရာမလိုပဲ Gtalk Chat box ထဲကနေပဲ တိုက်ရိုက်ကြည့်လို့ ရပါတယ် နောက်ပြီး Smiles အရုပ်ကလေးတွေကလည်း အရင် Gtalk Theme က အရုပ်ကလေးတွေအပြင် နောက်ထပ် အရုပ်က လေးတွေအများကြီးထပ်ပါလာပါတယ် ... ဥပမာ အောက်က ဟာမျိုးလေးတွေပေါ့ ...ဒီအောက်က ဟာလေးကို
ချတ်ဘောက်စ်ထဲမှာရိုက်ထည့်ကြည့်လိုက်ပါ ...
sravi:msg1:I*Love*You (* chit tal kwar)
အောက်မှာ Screen Shoot ကလေးတွေကိုကြည့်လိုက်ပါဦးဗျာ ...

နောက်ခံပုံတွေကိုလည်း ကိုယ်နှစ်သက်တဲ့ပုံပြောင်းယူလို့ ရပါတယ် ...
Start>>All programs>> gtheme>>change background
ကနေပြောင်းယူနိုင်ပါတယ် ...
မသိသေးတဲ့လူတွေအတွက်ပါခင်ဗျ ... သိပြီးသားလူတွေဆိုရင်လည်း ဆောဒီးပေါ့ဗျာ :P
ကျွန်တော့်ရဲ့ စာအရေးအသားညံ့ဖျင်းလို့ မဖတ်တတ်ဘူး ဆိုရင်လည်း ဒေါင်းလုတ်ချပြီးသွား
ရင် အဲဒီအထဲမှာ Read me ဆိုတဲ့ Txt ဖိုင်လေးပါတဲ့အတွက် အရင်ဖတ်ကြည့်လိုက်ပါခင်ဗျ ...
အဆင်ပြေပါစေ .. :P

Labels:
Download
Jul 19, 2009
အာဇာနည်နေ့  ဒို့ မမေ့

ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။
Labels:
General
Jul 18, 2009
Universal Declaration of Human Rights
၁၉၄၈ တုန်းက ထုတ်ပြန်ခဲ့တဲ့ လူ့ အခွင့်အရေးကြေညာစာတမ်း ပါ ... သိထားသင့်တယ်ထင်လို့ တင်လိုက်ပါတယ် ... သိမ်းထားချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေယူနိုင်ပါတယ်...
Labels:
General
Subscribe to:
Posts (Atom)