လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...

Jul 13, 2012

ထွေလီကာလီ



အန်းဒရွတ်တိုက် ဆိုတာဘာလဲလို့သိချင်လွန်းလို့ Android ဖုန်းလေးတစ်လုံးဝယ်မိပါတယ် --- ဒုတ်ခနဲ့လှလှနဲ့ကိုတွေ့တော့တာပါပဲ --- ဖုန်းလေးဝယ်ပြီး အိမ်သာနတ်ထဲက ဟိုကြည့်ဒီကြည့် 
နဲ့ မြန်မာစာလေး ဘာလေးပေါ်အောင်လုပ်ကြည့်မိတယ် --- ပြန်လဲဖွင့်လိုက်ရော --- သွားပီ
Android ဆိုတဲ့ Logo လေးပေါ်ပြီးရပ်နေတာ --- ဖုန်းများပြန်တက်လာမလားဆိုပြီးစောင့်
ကြည့်နေလိုက်တာတစ်နေကုန်ရော --- မောင်ရွှေအန်းဒရွတ်တိုက်က ဒီအတိုင်းကဒီအတိုင်း 
ပဲ --- ဒါနဲ့ သူရဲကောင်းတို့ထုံးနှလုံးမူပြီး ဆိုင်ပြမယ်လုပ်တော့ Firmware တဲ့ --- ၁၅၀၀၀ 
ကျပ်တိတိကုန်ကျမယ်ဆိုတော့(မြတ်ချွာဖြား)လို့တိုးတိုးလေးတပြီးပြန်ပြေးလာခဲ့ရတယ် ---
ဆိုင်က မမလေး ကလဲ ဘောင်ချာဖြတ်မယ် ဆိုတာချည်းပဲ --- အဲဒီဖုန်းစုတ်ကလေးတောင်
တစ်လလောက် တီးမဆွဲပဲဝယ်ထားရတာ --- ပျက်တာလေးကို ၁၅၀၀၀ ပေးပြီးမပြင်နိုင် ---
အဲဒါအကုန်ခံမယ့်အစားတော့ အကျိုးရှိတာလုပ်ပြစ်မယ်ဆိုပြီး ဂရင်းရွိုင်ရယ် တစ်တောင့်
နဲ့ စီပီကြက် တစ်ပိုင်းလောက်ဆွဲပြီး အိမ်သာနတ်ထဲအေးဆေးမွှေပြီးကလိမယ်ဆိုတဲ့စိတ်ကူးနဲ့
ဆိုးလိုက်တဲ့ဘ၀များ အိမ်သာနတ်ထဲကနေ မွှေပြီး ကလိကြည့်မယ် လို့စိတ်ကူးမိယုံရှိသေး 
လိုင်းက ကျနေတယ်တဲ့ ---- ဒါနဲ့ပဲ စိတ်ပေါက်ပေါက်နဲ့ ဂရင်းရွိုင်ရယ် လေးကစ်ထည့်လိုက်
တာ အိမ်တာနတ်က ပြန်တက်လာတယ်(ဘာမှလဲမဆိုင်ဘူးနော) --- ဂလူးလလဲ မှာမွှေ
ပြီး (တောထဲကျ ထင်းရ --- ရေထဲကျငါးရ) ဆိုပြီးတွယ်ကြည့်လိုက်တာ --- ဘယ်ရမလဲ
ဂလူးဂလဲ ပဲလေ --- အကုန်ဖြေပေးနိုင်တာပေါ့ --- မနက် ၀၈၀၀ လောက်ကထဲက ကလိ
နေလိုက်တာ --- ညနေ ခြောက်နာရီလောက်ကျမှပဲ အကုန်အဆင်ပြေတော့မယ် ---
ဒါတောင် ကံကောင်းမက ကောင်းလွန်းလို့ဖြစ်မယ်ထင်တယ် --- ခုဆိုရင် စူပါယူဇာ လဲ
ဖြစ်ပြီ --- မြန်မာလိုလဲမြင်ရပြီ --- အိမ်သာနတ် ကိုလဲ ကောင်းကောင်းသုံးလို့ရပြီ ---
Default Apps တွေကိုလဲ ဖြုတ်ပစ်နိုင်ပြီ --- ပညာလဲတစ်ခုရလိုက်ပြီ --- (ကိုယ်မတတ်
သေးဘူးဆိုရင် ဘယ်တော့မှ သွားမကမြင်းမိစေနဲ့) ဆိုတဲ့ပညာလေး --- နောက်များကျ
မှ ဘယ်လိုဘယ်နည်းနဲ့ကြိုးစားလိုက်တာ အောင်မြင်သွားသည် ဆိုတာကို ရေးပါတော့
မည် --- ယခုမှာတော့ အောင်မြင်ခြင်းအထိမ်းအမှတ်အနေဖြင့် ခွေးမသောက်သည့်
အရည်များကိုသောက်နေပါသည်(ခွေးက အကောင်းမှမကြိုက်တာကိုး --- ဘယ်သောက်
ပါ့မလဲနော့)

Definitions

အန်းဒရွတ်တိုက် = Android
ဂလူးဂလဲ         = Google
အိမ်သာနတ်     = Internet
ဂရင်းရွိုင်ရယ်    = Grand Royal အရက်


ပေါက်ကရလျှောက်ရေးထားပါသဖြင့် အမှားပါက ခွင့်လွှတ်ကြပါကုန် ---  

Jul 11, 2012

Recent Post များကို Slide Show လေးနဲ့ပြချင်ရင်

မိမိရဲ့ Blog မှာ Recent Post တွေကို Slide Show တွေအနေနဲ့ဖော်ပြချင်တဲ့သူတွေ
အတွက် အဆင်ပြေ လိမ့်မယ် ထင်ပါတယ်။   ကျွန်တော်လည်း ဒီနေရာ  ကနေကူးယူ
ဖော်ပြခြင်းဖြစ်ပါတယ်။ ကဲ စလုပ်ကြည့်လိုက်ရအောင်ပါ။

  • ပထမဦးဆုံးသင့်ရဲ့ Blog ကိုဝင်လိုက်ပါ။ပြီးရင် Template > Edit HTML ကိုဝင်ပါ။
  • သင့် ဘလော့ကလေးရဲ့ မူလ Template ကို Backup လုပ်ဖို့မမေ့ပါနှင့်။
  • ပြီးရင် Proceed ကိုနှိပ်၊ Expand Widget Templates ကိုအမှန်ခြစ်ပါ။
  • ပြီးရင် Ctrl+F ကိုနှိပ်ပြီး ]]></b:skin> ကိုရှာပါ။
  • တွေ့ရင် ]]></b:skin>  ရဲ့အပေါ်လေးမှာ အောက်ပါပေးထားတဲ့ကုဒ်လေးကူးထည့်ပါ။
  • အဲဒါဆိုရင် ပထမအဆင့်ပြီးသွားပါပြီ။
  • height : နဲ့ width : မှာ ကိုယ့် Blog နဲ့သင့်တော်သလောက်ထည့်နိုင်ပါတယ်။
/* START EasySlider By kgkinzinyaw.blogspot.com */

#slide-container {
    height: 360px;
    position: relative;
    width: 480px;
}

#slider {
    height: 360px;
    left: 25px;
    overflow-x: hidden;
    overflow-y: hidden;
    position: relative;
    width: 480px;
    font-family: calibri;
}

.slide-desc {
    background: transparent url(http://i195.photobucket.com
/albums/z105/dantearaujo/darkbg.png) repeat scroll 0 0;
    color: #FFFFFF;
    padding: 10px;
    position: absolute;
    right: 0px;
    text-align: left;
    top: 0;
    width: 200px;
    z-index: 99999;
}

.slide-desc h2 {
    display: block;
}

.crosscol .widget-content {
    position: relative;
}

#slider ul, #slider li,

#slider2 ul, #slider2 li {
    margin: 0;
    padding: 0;
    list-style: none;
}

#slider2 {
    margin-top: 1em;
}

#slider li, #slider2 li {
/*

define width and height of list item (slide)

entire slider area will adjust according 
to the parameters provided here

*/
    width: 480px;
    height: 360px;
    overflow: hidden;
}

#prevBtn, #nextBtn,

#slider1next, #slider1prev {
    display: block;
    width: 30px;
    height: 77px;
    position: absolute;
    left: -30px;
    text-indent: -9999px;
    top: 71px;
    z-index: 1000;
}

#nextBtn, #slider1next {
    left: 520px !important;
}

#prevBtn, #nextBtn, #slider1next, #slider1prev {
    display: block;
    height: 77px;
    left: 0;
    position: absolute;
    top: 132px;
    width: 30px;
    z-index: 1000;
}

#prevBtn a, #nextBtn a,

#slider1next a, #slider1prev a {
    display: block;
    position: relative;
    width: 30px;
    height: 77px;
    background: url(http://i195.photobucket.com
/albums/z105/dantearaujo/prev.png) no-repeat 0 0;
}

#nextBtn a, #slider1next a {
    background: url(http://i195.photobucket.com
/albums/z105/dantearaujo/next.png) no-repeat 0 0;
}

/* numeric controls */

ol#controls {
    margin: 1em 0;
    padding: 0;
    height: 28px;
}

ol#controls li {
    margin: 0 10px 0 0;
    padding: 0;
    float: left;
    list-style: none;
    height: 28px;
    line-height: 28px;
}

ol#controls li a {
    float: left;
    height: 28px;
    line-height: 28px;
    border: 1px solid #ccc;
    background: #DAF3F8;
    color: #555;
    padding: 0 10px;
    text-decoration: none;
}

ol#controls li.current a {
    background: #5DC9E1;
    color: #fff;
}

ol#controls li a:focus, #prevBtn a:focus, #nextBtn a:focus {
    outline: none;
}

/* END EasySlider By kgkinzinyaw.blogspot.com */ 

  • ဒုတိယအဆင့်အနေနဲ့ Ctrl+F ကိုနှိပ်ပြီး </body> ကိုရှာပါ။
  • တွေ့ရင် </body> ရဲ့အောက်မှာ အောက်ကကုဒ်လေးကိုကူးထည့်လိုက်ပါ။
  • ကူးထည့်ပြီးသွားရင် Save template ကိုနှိပ်ပါ။



<!-- Start easy content slider by kgkinzinyaw.blogspot.com -->
<script src='http://ajax.googleapis.com/ajax/libs/jquery/1.6/jquery.min.js' type='text/javascript'></script>
<script src='http://accordion-template.googlecode.com/svn/trunk/easySlider1.7.js' type='text/javascript'></script>
<script type='text/javascript'>
//<![CDATA[
$(document).ready(function(){
 $("#slider").easySlider({
 auto: true,
 continuous: true
 });
});
//]]>
</script>
<!-- End easy content slider by kgkinzinyaw.blogspot.com -->


  • နောက်ဆုံးအနေနဲ့  Layout ကိုနှိပ်၊ Add a gagets ကိုနှိပ်။
  • ပြီးရင် HTML/Java scripts ကိုနှိပ်။ပြီးရင် အောက်က ကုဒ်ကိုကူးထည့်ပါ။


<div id="slider">
<script style="text/javascript" src="http://code.helperblogger.com/easySlider.min.js"></script>

<script style="text/javascript">
 var numposts_gal = 6;
 var numchars_gal = 150;
 var random_posts = false; // random posts
</script>
<!-- သင့်ဘလော့လိပ်စာထည့်ပါရန် (marked with red color) -->
<script src="http://yourblog.blogspot.com/feeds/posts/default?orderby=published&alt=json-in-script&callback=showgalleryposts&max-results=999999"></script>
</div>

  • အဲဒီမှာ yourblog.blogspot.com ဆိုတဲ့နေရာမှာ သင့်ဘလော့လိပ်စာထည့်ပါ။
  • var numposts_gal = 6; ဆိုတဲ့နေရာမှာ သင်ထည့်ချင်တဲ့ Post အရေအတွက်ထည့်ပါ။
အထက်ပါအဆင့်များအားလုံးကိုလုပ်ပြီးပြီဆိုရင် Save arrangement ကိုနှိပ်ပြီး View Blog ကို
နှိပ်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...



Jun 20, 2012

Adobe After Effects CS3(Portable)


Video Editing Software တစ်ခုဖြစ်တဲ့ Adobe After Effects CS3 ဖြစ်ပါတယ်။ Portable 
လေးဖြစ်တဲ့ အတွက် စက်ထဲကိုသီးခြား Install လုပ်စရာမလိုပဲ သွားလေရာ ဆောင်ထားနိုင်
မှာဖြစ်ပါတယ်။ Video ကို Special Effects လုပ်ချင်သူများ ၊ ၀ါသနာပါသူများ မှ ဒေါင်းလုတ်
ဆွဲယူကြပါကုန်။ :D



ထုံးစံအတိုင်း ကိုးနတ်ရှင်က မကောင်းတဲ့ကြားထဲမှတင်ထားတဲ့အတွက် တစ်ပိုင်းကို 50MB 
စီခွဲပြီး အပိုင်းလေးပိုင်းခွဲပြီးတင်ထားတဲ့အတွက် ဒေါင်းမယ်ဆိုရင် လေးပိုင်းစလုံးကို အရင်
ဒေါင်းပြီး အပိုင်း - ၁ ကိုဖြည်လိုက်ပါ။


Jun 19, 2012

Artisteer Software Install ပြုလုပ်နည်း။

ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ အွန်လိုင်းပေါ်ကို အပ်ဗလုတ် လုပ်ချင်တယ်ဆိုရင်တော်တော့်ကို အချိန်ပေးရပါတယ်။ဒါကြောင့်တစ်ရာမီဂါဘိုက်လောက်ပဲရှိတဲ့ ဆော့ဝဲတစ်ခုကို အပ်ဗလုတ် လုပ်ချင်တယ် ဆိုရင် WinRar ဆိုတဲ့ Software လေးနဲ့ Split(ပိုင်းဖြတ်)ပြီး ကိုယ်တင်ချင်သလောက်အရွယ်အစားကို ပြောင်းယူပြီးတင်ထားရပါတယ်။ မပြောင်းပဲတင်လိုက်မယ်ဆိုရင်ဆံပင်ဖြူပြီးအသက်ကြီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်လဲ အပိုင်းသုံးပိုင်းခွဲပြီး အပ်ဗလုတ်လုပ်ထားပါတယ်။ စီပုံးမှာသူငယ်ချင်းတစ်ယောက် ကလာမေးတဲ့အတွက်မှတ်သလောက်၊သိသလောက်လေးကို Share ပြန်လုပ်ခြင်းဖြစ်ပါတယ်။
WinRar Software မရှိသေးရင် ဒီနေရာ ကနေ ဒေါင်းယူနိုင် ပါတယ်။ Win Rar ကိုတင်ပြီးပြီဆိုရင် ဒေါင်းထားတဲ့ (Part1,Part2,Part3,KeyGen) စတဲ့ဖိုင်လေးဖိုင်ထဲက Part1 ကို Right Click နှိပ်ပြီး Extract Here ကိုပေးလိုက်ပါ။၎င်းဖိုလ်ဒါအတွင်းမှာပင် Artisteer Software Installer ကိုတွေ့ရှိမည်ဖြစ်ပါသည်။



ယခု Software ကို Install ပြုလုပ်နိုင်ရန်အတွက် .Net Framework Version 2.0 နှင့်အထက်လိုအပ်ပါ လိမ့်မည်။ ဒီနေရာ တွင်ဒေါင်းလုပ်ပြုလုပ်နိုင်ပါသည်။ .Net Framework Version 2.0 နှင့်အထက်ကိုတင် ပြီးပါက Artisteer Software ကိုဆက်လက်ပြီး Install ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ Double Click နှိပ်ပြီးအ ခြားသော Software များကဲ့သို့ပင် Install ပြုလုပ်သွားပါ။ Finish ဖြစ်ပြီး အောက်ပါပုံအတိုင်းဆက်လက် တွေ့ရမည်ဖြစ်ပါသည်။

Activate ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းဆက်လက်တွေ့ရပါမည်။
အနီရောင်နှင့်ဝိုင်းထားသော Installing Code ကိုကော်ပီ လုပ်ယူထားပါ။

ထို့နောက် Folder ထဲမှ Artisteer 3.1.0 Keygen.rar ဖိုင်ကို Right Click ထောက်၊Extract Here ပေး လိုက်ပါ။

 အောက်ပါအတိုင်းဆက်လက်တွေ့ရှိပါလိမ့်မည်။ Installing Code နေရာတွင် ယခုနက ကော်ပီယူထား သော Code ကို Paste(Ctrl+V) ပြုလုပ်ပေးပါ။အစိမ်းရောင်နှင့်ဝိုင်းထားသော License Key နှင့် အ၀ါ ရောင်နှင့်ဝိုင်းထားသော Activation Key များကိုကူးပြီး ပုံပါအတိုင်းထည့်ပေးပါ။



License Key ထည့်၊ Auto-activation throuth the Internet နေရာမှာအမှန်ခြစ်ဖြုတ်၊ Activation Key ထည့်၊ပြီးလျှင် Activate ကိုနှိပ်ပါ။သို့မှသာလျှင် Activation ပြုလုပ်ပြီးသော Full Version Artisteer Software ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

scorpian.mgk@gmail.com :  လာရောက်လည်ပါတ်သည့်အတွက်အထူးကျေးဇူးတင်ရှိပါသည်။
လေ ကြောအနည်းငယ်ရှည်သွားသဖြင့်တောင်းပန်ပါသည်။အဆင်ပြေမည်ဟု မျှော်လင့်မိပါသည်။



Thanks For Your Visit
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်